တပ်အသိုင်းဝိုင်းမှ ရာထူးကြီးသူရဲ့သမီးကို အရယူနိုင်ခဲ့ကြောင်း မင်္ဂလာဖိတ်စာလေးဖြင့် သက်သေပြလိုက်တဲ့ နေတိုး

ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့နေတိုးကတော့ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ ချစ်သူလေးနဲ့လက်ထပ်သွားခဲ့ပြီဖြစ်ပါတယ်။ သူတို့လက်ထပ်ပွဲလေးဟာ ရင်းနှီးတဲ့မိတ်ဆွေအနည်းငယ်နဲ့သာကျင်းပပြုလုပ်ခဲ့တာပါ။ လူမှုကွန်ရက်တွေမှာတော့သူတို့ လက်ထပ်ပွဲလေးဟာ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်ခဲ့တာပါ။

နေတိုးဟာနိုင်ငံကျော်မင်းသားတစ်ယောက်ဖြစ်ပေမယ့် စစ်အာဏာသိမ်းမှုမှာ နှုတ်ဆိတ်နေခဲ့တာဖြစ်တာကြောင့်ဝေဖန်မှုတွေကြုံခဲ့ရတာပါ။ ခုလက်ထပ်ပွဲလေးမှာလည်း နေတိုးရဲ့ ဇနီးလောင်းလေးဟာ စစ်တပ်အသိုင်းဝိုင်းကလို့သတင်းတွေထွက်ပေါ်လာပြီးမှာ ပိုဝေဖန်ခံနေရတာဖြစ်ပါတယ်။ ခုမှာတော့ သူတို့လက်ထပ်ပွဲ ဖိတ်စာဟာလိုင်းပေါ်ပျံ့နှံ့လာခဲ့တာပါ။

သူတို့လက်ထပ်ဖိတ်စာလေးမှာ သူ့ရဲ့ဇနီးဟာ စစ်တပ်အရာရှိတစ်ဦးရဲ့သမီးတစ်ယောက်ဖြစ်တာကိုသိရှိခဲ့တာပါ။ လက်ထပ်ပွဲကိုတက်ရောက်မယ့် ဧည့်သည်တော်တွေလည်း လက်ဖွဲ့ကိုပါဆယ်ထုတ်တွေမပေးကြဖို့လည်း မေတ္တာရပ်ခံထားတာပါ။ ပရိသတ်တွေလည်း သူတို့လက်ထပ်ပွဲ ဖိတ်စာလေးကိုအောက်မှာကြည့်ရှုပြီး သုံးသပ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.