သင်္ကြန်မဏ္ဍပ်များတွင် သီချင်းဆိုဖို့ သိန်းပေါင်းများစွာအကုန်ကျခံပြီး ခေါ်နေကြသူများအား ခပ်ပါးပါးလေး ပညာပေးလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားတာ အောင်လနဲ့ဝိုင်းစုတို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံလေးဟာတစ်ယောက်ကိုတစ်ယောက်ချစ်ခြင်းတွေအပြည့်နဲ့တည်ဆောက်ထားတာဖြစ်တာကြောင့်ပရိသတ်တွေအားကျနေရတာပါ။ လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီးချစ်နေရတာပါ။

အနုပညာအလုပ်လေးတွေနဲ့ဝေးကွာနေပေမယ့်လည်း ပရိသတ်တွေအနားမှာအမြဲရှိနေတာပါ။ ဟင်းလေးတွေမုန့်လေးတွေကိုချက်ပြီး onlineပေါ်ကနေရောင်းချခဲ့ပြီးအားပေးသူတွေလည်းများစွာရရှိခဲ့တာပါ။ ဘာပဲလုပ်လုပ်ပရိသတ်တွေချစ်နေရတဲ့ သူတို့အတွဲလေးကတော့ခုမှာလည်းအချစ်တွေပိုအောင်လုပ်လိုက်ပြန်ပြီဖြစ်ပါတယ်။

မကြာခင်ရောက်လာတော့မယ် သကြ်န်ပွဲအတွက်သူတို့နှစ်ယောက်လုံးကိုစုံတွဲလာငှားနေတာပါ။ ဒီနှစ် သင်္ကြန် မဏ္ဍပ် တွေတော်တော်များများက စုံတွဲလာလာခေါ်ကြတယ် တောင်းချင်သလောက်တောင်းတဲ့ မဆိုဘူးနော်လို့ ခဏခဏပြောရတာမောလာလို့ ဟီးဆိုပြီးဝိုင်းစုရဲ့လူမှုကွန်ရက်ကနေရေးသားထားခဲ့တာပါ။ အောင်လကလည်း လာငှါးတာ ၃နေရာရှိပြီ… ကျွန်တော်တို့ REASON ဒီနှစ် သင်္ကြန်“ ဘယ်နေရာမှာမှ “show မဆိုပါဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.