ချစ်သူရဲ့အကြိမ်ကြိမ် ဖောက်ပြန်ခြင်းကို အမြဲခံနေရတဲ့ သူမရဲ့အချစ်ရေးအခြေအနေအား တစ်ခုမကျန် ရင်ဖွင့်ပြောပြလိုက်တဲ့ ဆိုဖီယာ

Myanmar Idolပြိုင်ပွဲလေးကနေပရိသတ်အားပေးမှုနဲ့ယခုမှ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတာကတော့ဆိုဖီယာပဲဖြစ်ပါတယ်။ သူရဲ့ သီချင်း MTVတိုင်းဟာ ပရိသတ်တွေကြားမှာလူကြိုက်များစိတ်ဝင်စားနေတာပါ။ခုမှာတော့အနုပညာအလုပ်တွေနဲ့ဝေးကွာနေပေမယ့်လည်းအားပေးသူပရိသတ်တွေအများအပြားရှိနေတာပါ။

သူမဟာခုချိန်မှာဒူဘိုင်းမှာနေထိုင်ပြီး online ကနေစျေးလေးတွေရောင်းနေတာဖြစ်ပါတယ်။ လူမှုကွန်ရက်ကနေ ပရိသတ်တွေအတွက်ပုံရိပ်လေးတွေတင်ပေးလေ့ရှိတာပါ။ သူမဟာအမြဲလိုလိုလူမှုကွန်ရက်မှာ အချစ်ရေးနဲ့ပတ်သက်တာလေးတွေတင်ပေးလေ့ရှိတာပါ။

ခုမှာလည်း အင်တာဗျူးတွေမှာအချစ်ရေးမေးတိုင်းကြုံရတဲ့အချိန်ခံစားချက်လေးကိုပြောပြခဲ့တာပါ။ Interview မှာ အချစ်ရေး မေးရင် မဖြေ ချင်ဆုံးပဲကို့ကို သူက အရမ်း ချစ်တာ ဆိုပြီး နေ့လည်ကinterview မှာပြောနေ့တောင်မကူးဘူး ညကျ တော့ သတ်ပြီးပြတ်နောက်တပါတ်လောက် ကျ တော့ သတင်း လေးက caption လေးနဲ့တက်လာတာ အရမ်း အချစ်ခံရတဲ့ဆိုဖီယာတို့ဘာတို့ ဂွမ်း ဖာခ် မိုင်လိုဖ်ဆိုပြီး ပြောပြသွားခဲ့တာပါ။ ဆက်လက်ပြီးလည်းသူမရဲ့ ကောင်လေးရဲ့အပြုမူတွေကိုပြောပြသွားခဲ့တာပါ။

မိန်းကလေး တွေ ရေ…ယောကျားလေး တယောက်က ၇နာရီလောက်ပျောက်ချသွား အလုပ်လုပ်နေရင်းပေါ့နော်တတိယ အကြိမ်လို့ပြောလို့ရတယ်အပြင် supermarketသွားပြီး seafood သွားဝယ်တာတဲ့ဖုန်းနဲ့ power bank က… လေးလို့ တောက်လျောက် ကြီးကျတော့ မကိုင်နိုင်လို့ ဆိုပီး အခန်းထဲထားခဲ့တာ ဆိုတဲ့Reason ပေးရင် ယုံမှာ လား မိန်းကလေးတို့ရေ မိန်းကလေး တို့ရဲ့ ချစ်သူဆိုရင် ပြောပါတယ်အမြင်လေးတွေသိချင် လို့nothing seriousဆိုပြီးပြောပြခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *