အချစ်ဆုံး သူငယ်ချင်းရဲ့မွေးနေ့အတွက် သိန်းရာချီတန်တဲ့ စိန်လက်စွပ်တစ်ကွင်းလက်ဆောင်ပေးခဲ့တဲ့ နှိုင်းရှင်မြင့်မိုရ်

အခုနောက်ပိုင်းလူမှုကွန်ရက်လေးတွေမှာ live saleလေးတွေဟာပရိသတ်တွေကြားအရမ်းရေပန်းစားနေတာပါ။ နာမည်ကြီးအနုပညာရှင်တွေကိုယ်တိုင် live လွှင့်ပြီးရောင်းချနေတာလည်းဖြစ်ပါတယ်။ အဲ့ထဲမှာ နှိုင်းရှင်မြင့်မိုရ်ရဲ့ live saleလေးတွေဟာလည်းပရိသတ်တွေကြားမှာအားပေးမှုများစွာရရှိထားတာပါ။

သူမဟာ အောင်မြင်မှုတွေရရှိထားပေမယ့်လည်း သူ့သူငယ်ချင်းလေးတွေကိုပါတွဲခေါ်ပေးလေ့ရှိတာပါ။ အလှူအတန်းလေးတွေ Live လေးတွေမှာလည်း သူမသူငယ်ချင်းလေးတွေကိုခေါ်ပြီးလွှင့်လေ့ရှိတာပါ။ အဲ့ထဲမှာ အရင်ကလည်းဇာတ်ပို့တစ်ယောက်ဖြစ်တဲ့ အင်ကြင်းလည်းအပါအဝင်ဖြစ်ပါတယ်။

ခုမှာတော့နှိုင်းရှင်ဟာသူမသူငယ်ချင်းအင်ကြင်းမွေးနေ့လေးမှာ လက်ဆောင်လေးပေးခဲ့တာပါ။ ဒါကြောင့်အင်ကြင်းရဲ့လူမှုကွန်ရက်ကနေ တကယ်တော့မွေးနေ့က 5လပိုင်း4ရက်နေ့မှပါချစ်သူငယ်ချင်း နှိုင်းရှင်ကအစောကြီး birthday suprise လုပ်ပေးလို့ကျေးဇူးတင်ပါတယ်။ဒီထက်မက စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ စီးပွားဥစ္စာဒီရေအလားတိုးပွားပါစေ။မွေးနေ့ဆုတောင်းပေးကြတယ့်တခြားမိတ်ဆွေသူငယ်ချင်းတွေလည်းကျေးဇူးပါနော်ဆိုပြီး ကျေးဇူးတင်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *