ဘဝမှာ ပထမဆုံးတောင်းဆိုတဲ့ အရာလေးကို မိခင်ဖြစ်သူမှ ချက်ချင်းဖြည့်ဆည်းပေးခဲ့တဲ့အတွက် ဝမ်းသာအံ့ဩခဲ့ရတဲ့ မင်းထိုက်

ဟင်းချက်နည်းလေးတွေတင်ပေးနေရာကနေခုချိန်မှာ live လေးလွှင့်ပြီးစျေးလေးရောင်းနေတာကတော့ အာဗြဲစိန်ပဲဖြစ်ပါတယ်။ သူမကတော့နိုင်ငံကျော်သရုပ်ဆောင်နေမျိုးအောင်ရဲ့ဇနီးလေးဖြစ်ပါတယ်။ သူမရဲ့ liveတွေဟာခုချိန်မှာ အောင်မြင်မှုတွေများစွာနဲ့ပရိသတ်အားပေးမှုတွေရရှိနေတာဖြစ်ပါတယ်။

အလုပ်တွေမှာလည်းမအားလပ်လောက်တဲ့အထိအောင်မြင်မှုတွေရရှိပြီးပျော်ရွှင်စရာမိသားစုလေးကိုလည်းပိုင်ဆိုင်ထားတာပါ။ သားလေးနှစ်ယောက်ဟာလည်း ပရိသတ်အားပေးမှုတွေရရှိနေတာပါ။ ခုမှာလည်း သူ့သားနှစ်ယောက်ရဲ့အဖြစ်လေးကိုကြည့်ပြီးဂုဏ်ယူနေတာဖြစ်ပါတယ်။

သူမရဲ့သားလေးဟာ အမေဖြစ်သူကိုပထမဆုံးအနေနဲ့လိုချင်တာလေးဝယ်ခိုင်းလိုက်တာဖြစ်ပါတယ်။ မွေးထားတဲ့သားတွေက တစ်ဘဝလုံးမှာတစ်ခါမှမတောင်းဆိုဘူးလို့ ငါဘယ်လိုဟာလေးတွေမွေးထားပါလိမ့်လို့အမြဲပြောမိတယ် အမယ်ဒီနေ့တော့လိုချင်တာလေးတွေလာပြောလို့ထူးဆန်းပြီးဝမ်းသာမိတာ ၂၅ နှစ်တစ်ယောက်နဲ့ ၁၅ နှစ်သားတစ်ယောက် အဲ့လိုသားတွေရှိလားဟင်ဆိုပြီးရေးသားထားခဲ့တာပါ။ပရိသတ်တွေလည်းပျော်ရွှင်စရာကောင်းတဲ့သူတို့မိသားစုလေးကိုချစ်ပြီးအားပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.