မြေးဦးလေးကို မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင်ကို ချစ်နေပုံကို ဗီဒီယိုလေးနဲ့ သက်သေပြလိုက်တဲ့ သူဌေးကြီး မိုက်ကယ်မိုးမြင့်

အောန်ဆိုင်းဆိုတာနဲ့ ပရိသတ်တွေအမြဲအားကျချစ်နေရတာပါ။ သူမဟာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုဖြတ်သန်းနေတာဖြစ်ပါတယ်။ အမေရိကမှာနေထိုင်နေရင်းနဲ့ သူတို့မိသားစုပုံရိပ်လေးတွေကို instagram ကနေတင်တင်ပေးလေ့ရှိတာပါ။

ကိုယ်ဝန်ဆောင်ချိန်ကတည်းက ပုံရိပ်လေးတွေကြောင့်မိန်းကလေးတိုင်းအမြဲအားကျခဲ့ရတာပါ။ ခုသားလေးမွေးဖွားပြီးချိန်မှာတော့သူတို့မိသားစုဘဝလေးဟာအားကျစရာအကောင်းဆုံးမိသားစုလေးဖြစ်လာခဲ့တာပါ။ သားဦးလေးဖြစ်တာကြောင့် ခင်ပွန်းအပါအဝင် သူတို့မိသားစုတစ်ခုလုံးကချစ်နေရတာပါ။

အဖိုးဖြစ်သူမိုက်ကယ်မိုးမြင့်ကလည်း မြေးဦးလေးကိုလက်ထဲကမချပဲချစ်နေရတာပါ။ ခုမှာလည်း မြေးလေးကိုချစ်မဝဖြစ်နေတဲ့ပုံရိပ်လေးကိုတင်ထားတာဖြစ်ပါတယ်။ စည်းစိမ်ချမ်းသာတွေအပြည့်နဲ့ခုမှာလည်းမြေးဦးလေးပါပိုင်ဆိုင်ထားတဲ့ မိုက်ကယ်မိုးမြင့်နဲ့ချစ်စရာကောင်းတဲ့အောန်ဆိုင်းရဲ့သားတို့ပုံရိပ်လေးကိုလည်းကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.