မင်းမော်ကွန်းပြောတဲ့ စကားများအပေါ် လိပ်ပြာမလုံတော့တာကြောင့် လက်ခံထားတဲ့အနုပညာအလုပ်တွေ တရားဝင် ရုပ်သိမ်းလိုက်တဲ့ ပိုင်တံခွန်

ခုချိန်မှာ ပရိသတ်တွေကြားအားပေးမှုတွေများစွာရရှိထားတာကတော့ပိုင်တံခွန်ပဲဖြစ်ပါတယ်။ သူကတော့နိုင်ငံရေးတက်ကြွသူအဖြစ်ပါဝင်ခဲ့ရာမှ ဖမ်းဆီထိန်းသိမ်းခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ တစ်နှစ်နီးပါးလောက်ထိန်းသိမ်းခံရပြီးမှလွတ်မြောက်လာခဲ့တာပါ။

လွတ်မြောက်လာပြီးနောက် သူ့ကိုပွဲလေးတွေများစွာတက်ရောက်ဖို့ဖိတ်ကြားခံနေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း လူမှုကွန်ရက်မှာသူ့ပွဲတက်ပုံရိပ်တိုင်းက ပျံ့နှံ့ခဲ့တာပါ။နိုင်ငံကျော်တစ်ယောက်ဖြစ်တာကြောင့်သူနဲ့အလုပ်တွဲလုပ်ချင်သူတွေများစွာကမ်းလှမ်းနေတာပါ။

ခုမှာတော့သူ့လုပ်ရက်လေးတစ်ခုကြောင့်ပရိသတ်တွေလေးစားခဲ့တာပါ။ သူဟာရှေ့လျှောက်ပွဲတက်ဖို့ကမ်းလှမ်းထားတဲ့အလုပ်တွေကို အကုန်လုံးဖျက်လိုက်တာဖြစ်ပါတယ်။ မနှစ်က ဒီလိုနေ့  မနက် ၄ နာရီ ကျွန်တော် တစ်နှစ်နီးပါး ဆင်းရဲဒုက္ခခံစားခဲ့ရပါတယ်။ဒါပေမယ့် ကျနော့်ထက် အခုချိန်မှာ ပိုခက်ခဲကြပ်တည်းနေတဲ့ သူတွေရှိတာ ကျနော် နားလည်ပါတယ်။ဒါကြောင့် ဒီအတောအတွင်း လက်ခံထားတဲ့ ပွဲတက် တွေ အားလုံး ကျနော့်ဘက်က တရားဝင် ဖျက်သိမ်းလိုက်ပါပြီ ဆိုပြီး လူမှုကွန်ရက်ကနေကြော်ငြာခဲ့တာပါ။

Leave a Reply

Your email address will not be published.