အချစ်သီချင်းလေးတွေနဲ့ပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေရတာကတော့ အိမ့်ချစ်ပဲဖြစ်ပါတယ်။ သူမကတော့အနုပညာလောကမှာနှစ်ပေါင်းများစွာကြာအောင်မြင်မှုတွေရရှိထားသူတစ်ယောက်ပါ။ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ချစ်ကောင်းရဲ့သမီးလည်းဖြစ်ပါတယ်။
သူကတော့ခုမှာလူမှုကွန်ရက်မှာဝေဖန်မှုများနေတဲ့ သင်္ကြန်အကြောင်းနဲ့ပတ်သတ်ပြီးလူမှုကွန်ရက်မှာခုလိုပြောသွားခဲ့တာပါ။ ပြောရဦးမယ် ဒီနှစ် သင်္ကြန်မဏ္ဍပ်တွေမှာ တအားကြီးမပက်နဲ့ဟေ့ဖြည်းဖြည်းပက် တို့ယောကျာ်းယောကျာ်းလစ်တတ်ဘတ်တတ်တယ်တို့ငါ့ရဲ့င်္သကြန်နေ့ရက်များတို့ ချစ်လိုက်တော့123 တို့ ချစ်ဖူးတယ်သီချင်းတို့ဆိုနေတဲ့အသံကြားရင် စမီးလို့မထင်ကြနဲ့ဦးနော်ကြိုပြောထားတာ။
မနှစ်ကလဲနန်းတွင်းထဲ ချစ်ဖူးတယ်ဆိုနေသံကြားလို့ဆိုပြီးလာမေးလို့ မနှစ်ကလဲ အမေလက်operationလုပ်လို့ထိုင်းရောက်နေတာတောင် ဖြေရှင်းရသေးတာ။ဒီနှစ်လဲရှင်းနေရဦးမှာစိုးလို့ ကြိုပြောထားရတာ ဟီးမမဗိုက် ဒီနှစ်လဲအနားယူတယ်လို့ သင်္ကြန်နဲ့ပတ်သတ်တာဆိုလို့
TV မှာပြမယ့် သင်္ကြန်သီချင်းများအစီအစဉ်တစ်ခုအတွက်တော့ရန်ကုန်ပြန်ရောက်ထဲက သင်္ကြန်သီချင်းနှစ်ပုဒ်ရိုက်ပေးထားတယ်အဲ့တာပဲရှိတယ်ဆိုပြီးပြောပြသွားခဲ့တာဖြစ်ပါတယ်။