လွန်ခဲ့တဲ့ (၁၄) နှစ်က ချစ်ဇနီးလေးနဲ့အတူ ခက်ခဲစွာ ဖြတ်သန်းခဲ့သော ဘဝတစ်သက်တာ အမှတ်ရစရာများကို ဗီဒီယိုဖိုင်ဖြင့် ဝေမျှလာတဲ့ ကိုပေါက်

အာဏာရှင်စနစ်ကိုအခက်ခဲတွေများစွာထဲကတော်လှန်တိုက်ပွဲဝင်နေတာကတော့ကိုပေါက်ပဲဖြစ်ပါတယ်။ အနုပညာရှင်သမားတစ်​ယောက်ဖြစ်ပေမယ့်တစ်ခြားအနုပညာရှင်တွေနဲ့မတူပဲ အဆုံးထိရပ်တည်တော်လှန်နေတာပါ။ ခုမှာ လွတ်မြောက်နယ်မြေတစ်ခုမှာခိုလှုံရင်းတော်လှန်ရေးအတွက်ပါဝင်နေတာပါ။

သူဟာဒီတော်လှန်ရေးမှာချစ်ရတဲ့မိသားစုတွေကိုထားပြီး ပုန်းရှောင်နေရတာပါ။ ဒါကြောင့်တစ်ခါတစ်ရံမိသားစုကိုလွမ်းဆွတ်မိတဲ့အချိန်တွေလည်းရှိတာပါ။ ဒါပေမယ့်လည်းတော်လှန်ရေးကိုအောင်မြင်စေတဲ့စိတ်နဲ့နောက်ဆုံးချိန်ထိ တိုက်ပွဲဝင်နေတာပါ။

ဒီနေ့ကတော့သူ့ဘဝရဲ့အထူးခြားဆုံးနေ့ရက်လေးလည်းဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ မဂ်လာသက်တမ်း၁၄နှစ်မြှောက်နေ့ဖြစ်တာပါ။ ဒီနေ့အထိမ်းမှတ်နေ့လေးမှာတော့အဝေးကနေပဲ video လေးနဲ့ကျင်းပခဲ့ရတာပါ။ သူတို့နှစ်ပတ်လည်နေ့ချစ်စရာvideo လေးကိုလည်းပရိသတ်တွေကြည့်ပြီးအားပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *