တော်လှန်ရေးကာလအတွင်း လူမှုကွန်ရက်ပေါ်တွင် ပို့စ်တင်ပြီး ဆူနေရတဲ့ အဓိကရည်ရွယ်ချက်ကို ရှင်းပြလိုက်တဲ့ မင်းမော်ကွန်း

နွေဦးတော်လှန်ရေးမှာ အခက်ခဲတွေများစွာရှိပေမယ့်လည်းယနေ့ချိန်ထိတိုက်ပွဲဝင်နေတာကတော့ မင်းမော်ကွန်းပဲဖြစ်ပါတယ်။ သူကတော့တော်လှန်ရေးစကတည်းကမိသားစုလိုက် ထွက်ပြေးပုန်းရှောင်ရင်းခုလွတ်မြောက်နယ်မြေတစ်ခုကနေတိုက်ပွဲဝင်နေတာပါ။ အမိနိုင်ငံအတွက် စွန့်လွှတ်ရဲတဲ့စိတ်ဓာတ်တွေကချီးကျူးစာရာပဲဖြစ်ပါတယ်။

လူမှုကွန်ရက်ကနေလည်းတော်လှန်ရေးအတွက်စာလေးတွေတင်ပေးလေ့ရှိပါတယ်။ ခုမှာတော့ဟိုတလောကသူတင်ထားတဲ့စာလေးအကြောင်းကိုသူပြန်ရှင်းပြခဲ့တာပါ။ ကျွန်တော်ဘယ်အနုပညာရှင်အကြောင်းမှနာမယ်တတ်မရေးဘူးမပြောဘူးပါ။ဒီတစ်ခါတော့ရေးပါရစေ။ဒါဟာလည်းအချင်းချင်းနားလည်မှုလွဲတာမျိုးတွေ စိတ်ဝမ်းကွဲတာတွေဖြစ်မှာစိုးရိမ်လို့ပါ။ကျွန်တော်တင်တဲ့ပိုစ်က ပိုင်တံခွန်ကိုမရည်ရွယ်ပါဘူး သူမှမဟုတ်ပါဘူး ထောင်ထဲကပြန်လွတ်လာကြသူများကိုလည်းမရည်ရွယ်ပါဘူး။ သူတို့တွေဟာလွတ်မြောက်နယ်မြေရောက်နေတဲ့ကျွန်တော်တို့ထက်ပိုအနစ်နာခံဒုက္ခခံခဲ့ကြတဲ့သူတွေပါ။

ဒီလိုလူကောင်းတွေပြန်လွတ်မြောက်လာတာကျွန်တော်တေတော်လှန်ရေးသမားတွေ ပြည်သူတွေအတွက် အင်အားရပါတယ်။ပိုင်တံခွန်ကလည်းကျွန်တော်တင်တဲ့ပိုစ်ကြောင့်သူ့အလုပ်တွေကိုရပ်လိုက်မယ်မထင်ပါဘူး။ဒါသူ့ရဲ့ကိုယ်ချင်းစာတရားနဲ့ အသိဉာဏ်ပါ။ကျွန်တော်ချစ်ခင်လေးစားပါတယ်။သူမှမဟုတ်ပါဘူးတော်လှန်ရေးအတွက်အနစ်နာခံကြိုးစားနေကြတဲ့အမည်မသိရဲဘော်ရဲဘက်တွေအားလုံးချစ်တယ်ဆိုပြီးပြောပြခဲ့တာပါ။

Leave a Reply

Your email address will not be published.