အာဏာပါဝါကြီးတဲ့ လူတစ်စုရဲ့လုပ်ရက်တွေကို ငြိမ်ခံနေရတဲ့ သူ့ရဲ့ဘဝအခြေအနေကို ခံပြင်းဒေါသထွက်နေတဲ့ ညီထွဋ်ခေါင်

ပရိသတ်တွေကိုအမြဲပျော်ရွှင်စေတဲ့ပုံရိပ်လေးတွေ video လေးတွေတင်ပေးလေ့ရှိတာကတော့ ညီထွဋ်ခေါင်ပဲဖြစ်ပါတယ်။ သူကတော့ ဗီဒီယိုဇာတ်ကားတွေခေတ်ကတည်းကခုချိန်ထိပရိသတ်အားပေးမှုတွေရရှိနေတာပါ။ ခုမှာလည်း ပရိသတ်တွေပိုချစ်ပြီးအားပေးနေကြတာပါ။

ပြီးခဲ့တဲ့လပိုင်းတွေက သူဟာလူမှုကွန်ရက်ကနေလည်းအချိန်တော်ကြာပရိသတ်တွေနဲ့ဝေးကွာသွားခဲ့တာပါ။ ချစ်သူကောင်မလေး ကွယ်လွန်သွားခဲ့ချိန်တွေ ၅၀၅(က)နဲ့ဝရမ်းထုတ်ခံထားရချိန်တွေမှာအချိန်တော်ကြာပျောက်ကွယ်နေခဲ့တာပါ။ ခုနောက်ပိုင်းမှပရိသတ်တွေရှေ့ကိုပြန်ရောက်ရှိခဲ့တာပါ။

Social Media လေးတွေကနေပုံရိပ်လေးတွေ video လေးတွေပြန်တင်ပေးလေ့ရှိပြီးချစ်နေရတာပါ။ ခုမှာလည်း သူကြုံတွေ့ခဲ့ရတဲ့လူ့လောကကြီးအကြောင်းကိုပြောပြခဲ့တာပါ။ တချို့လူတွေ ငါအင်အားကြီးတယ်ဆိုပီး ကျင့်ဝတ်မရှိ တန်ဖိုးမသိ စိတ်ထင်တိုင်း ပြောချင်ရာပြော လုပ်ချင်ရာကို လုပ်နေကြတော့တာပဲပြန်ပြောချင်တိုင်း ပြန်ပြောဖို့ ခွန်အားမရှိတဲ့အခြေနေဆိုတော့လဲဆိုပြီးပြောပြသွားခဲ့တာပါ။

Leave a Reply

Your email address will not be published.