တစ်ယောက်ကိုတစ်ယောက်ဆေးထိုးစနောက်တဲ့video လေးတွေနဲ့ပရိသတ်တွေချစ်နေရတာကတော့ စိန်ဖြိုးနဲ့ရီပဲဖြစ်ပါတယ်။ မကြာခင်ကမှ နှစ်ပေါင်းများစွာချစ်ခဲ့တဲ့ချစ်သူဘဝကနေ ပိုပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးလေးကိုတည်ဆောက်ထားတာပါ။ အစပိုင်းမှာသိပ်မသိကြပေမယ့်သူတို့ရဲ့ဟာသလေးတွေကြောင့်ခုမှာအချစ်တော်ဖြစ်နေရတာပါ။
အမြဲစနောက်နေပေမယ့်တစ်ယောက်ကိုတစ်ယောက်စိတ်ဆိုးစိတ်ကောက်လေ့မရှိပဲအချစ်တွေပိုနေမြဲဖြစ်ပါတယ်။ လူမှုကွန်ရက်ကနေ ပုံရိပ်လေးတွေ video လေးတွေအမြဲတင်ပေးလေ့ရှိပြီးအားပေးနေရတာပါ။ Video တိုင်းမှာလည်းအမြဲဟာသလေးတွေနဲ့သဘာဝဆန်ဆန်လေးရိုက်ကူးတင်ဆက်ပေးနေတာပါ။
ခုမှာလည်း ကိုဗစ်ဒုတိယလှိုင်းအပြီးသွားခဲ့တဲ့video လေးကိုတင်ထားတာပါ။ သူတို့မိသားစုပိုင် သံတောင်ကဒူးရင်းခြံလေးကိုသွားရောက်ခဲ့တာပါ။ သူတို့ခြံထဲကဒူးရင်းသီးတွေနဲ့ သူတို့ဘယ်လိုလေးရိုက်ကူးတင်ဆက်ဖျော်ဖြေထားလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးအားပေးကြပါဦးနော်။