နိုင်ငံကျော်မင်းသားကြီးနေတိုးကတော့ သူချစ်ရတဲ့သူနဲ့ထိမ်းမြားလက်ထပ်ပြီး ဘဝသစ်တစ်ခုကိုတည်ဆောက်လိုက်ပါပြီ။ တစ်ချိန်ကပရိသတ်ချစ်ရတဲ့နိုင်ငံကျော်တစ်ယောက်ဖြစ်ပေမယ့်ခုမှာတော့ ဝေဖန်မှုတွေနဲ့ပြည့်နှက်နေခဲ့တာပါ။ သူဟာ စစ်အာဏာသိမ်းတဲ့အချိန်ကတည်းကနှုတ်ဆိတ်နေခဲ့တာကြောင့်ခုလိုဝေဖန်ခံရတာပါ။
သူတို့ရဲ့လက်ထပ်ပွဲလေးကိုတော့ ပြီးခဲ့တဲ့လကအိမ်မှာအကျဥ်းရုံးပြုလုပ်ခဲ့ပြီး မနေ့ကတော့ LOTTE Hotelမှာကျင်းပပြုလုပ်ခဲ့တာပါ။ အဲ့ပွဲမှာလည်း နိုင်ငံကျော်မင်းသားမင်းသမီးတွေခုမှပြန်ပေါ်လာခဲ့တာကြောင့်လိုင်းပေါ်မှာပုံရိပ်တွေပြန့်နှံခဲ့တာပါ။ ပရိသတ်တွေလည်းအားမလိုအားမရတွေဖြစ်နေကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်းသူ့ကိုချစ်နေရတဲ့ပရိသတ်တွေကတော့ရှိနေမြဲဖြစ်ပါတယ်။ ခုမှာလည်း သူတို့နှစ်ယောက်ရဲ့အိမ်မှာလက်မှတ်ထိုးတဲ့နေ့ကvideo လေးတက်လာခဲ့တာဖြစ်ပါတယ်။ ရိုးရာယဥ်ကျေးမှုနဲ့အညီကျင်းပခဲ့တဲ့ပွဲလေးကိုလည်းချစ်တဲ့ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။