Live Sales ဘုရင်မ အခြေနေရောက်အောင် ဒုက္ခဆင်းရဲခံခဲ့ရတဲ့ ပထမဆုံးခြေလှမ်းအစကို ပုံနှင့်တကွ ရင်ဖွင့်ပြောပြလိုက်တဲ့ နှိုင်းရှင်မြင့်မိုရ်

ခုချိန်မှာ Live Saleတွေများစွာရောင်းချပေးဖို့ကမ်းလှမ်းခံနေရတာကတော့ နှိုင်းရှင်မြင့်မိုရ်ပဲဖြစ်ပါတယ်။ သူမကတော့ ခု Live Sale လောကမှာအောင်မြင်မှုတွေများစွာရရှိပြီးအောင်မြင်နေပြီဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိတာကြောင့်ဝေဖန်မှုတွေလည်းကြုံတွေ့ရပေမယ့် ပညာသားပါပါနဲ့ဖြေရှင်းနိုင်သူတစ်ယောက်ပါ။

ပထမက ကိုဗစ်တွေနိုင်ငံရေးအခြေနေတွေကြောင့် အခက်ခဲတွေများစွာကြုံတွေ့ရခဲ့တာပါ။ နောက်ပိုင်းမှသာ အထည်လေးတွေရောင်းချနေရရာကနေ ခုမှာ စိန်ရွှေရတနာတွေကိုရောင်းချနေတာပါ။ သူ့live sale တွေကလည်းနာရီပိုင်းအတွင်းသိန်းထောင်ချီအောင်အားပေးကြမ်းနေတာပါ။

သူမဟာခုချိန်မှာအောင်မြင်နေပေမယ့် ဘဝမေ့သူတစ်ယောက်လည်းမဟုတ်ပါဘူး။ ခုမှာလည်း ဒီလိုမအောင်မြင်ခင်ကအခြေနေလေးကိုပြောပြခဲ့တာပါ။ ခုလို အခြေအနေမျိုးရောက်ဖို့ ကိုဗစ် first waveဘယ်သု့မှအပြင်မထွက် ကြောက်လနိ့နေချိန်မှာလင်မယားနှစ်ယောက် အမခြံထဲက ပိန်းနဲသီးတွေDelivery လိုက်ပို့ရင်း စခဲ့ရတာပါ….လက်ထဲမှာ ငွေ 21000 နဲ့စခဲ့တာ…နှစ်နှစ်အတွင်း မှာ ရိုးသားစွာကြိုးစားခဲ့ရတဲ့ ဘဝရဲ့အမှတ်တရ မှတ်တမ်း Moti PS…ဟတ်ချလောင်း ဆိုပီး စိန်ပုံပေါ် ရောက်ခဲ့တာတော့မဟုတ် ဆိုပြီးပြောပြသွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *