အာဏာသိမ်းခံရပြီး တစ်လအကြာမှာ ပြည်ပနိုင်ငံသို့ထွက်ခွာသွားခဲ့ရတဲ့ ဆိုးရွားလှတဲ့ဖြစ်ရပ်ဆိုးအား ရင်ဖွင့်ပြောပြလာတဲ့ ယုဇန

တစ်ချိန်ကသူ့သီချင်းလေးတွေကယနေ့ချိန်ထိနားထောင်တိုင်း ရသတွေပေးနိုင်တာကတော့ ယုဇနပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့တစ်ခေတ်တစ်ခါက အအောင်မြင်ဆုံးအဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ တစ်ခါတလေ ပွဲလေးတွေမှာအရင်သီချင်းလေးတွေဆိုပြတိုင်းလည်းပရိသတ်တွေကြည်နူးပြီးပျော်ရွှင်ရတာပါ။

သူမဟာ နိုင်ငံခြားနေထိုင်တာများပြီးမြန်မာနိုင်ငံမှာလည်းတစ်ခါတရံအလည်လာနေထိုင်တက်ပါတယ်။ ခုမှာတော့ပြီးခဲ့တဲ့နှစ် သကြ်န်ကာလနန်းတွင်းမှာဖျော်ဖြေတယ်ဆိုပြီးသူကြုံခဲ့ရတဲ့အကြောင်းလေးကိုပြောပြသွားခဲ့တာပါ။ ဒီနေ့ အော်ဇီကိုပြန်လာဖို့ဆုံးဖြတ်ပြီး ထွက်ခွာခဲ့တဲ့ ၁နှစ်ပြည့်တဲ့နေ့…အတိတ်တွေကိုပြန်မပြောချင်ပေမဲ့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့စိတ်ဒဏ်ရာတွေ ပြန်တွေးတိုင်းနာကျင်နေတုန်းပဲ၊ တစ်နေ့တစ်နေ့စိတ်သောကတွေ စိုးထိတ်မူ့တွေနဲ့ဖြတ်သန်းနေရတဲ့အချိန် အော်ဇီမှာခဏပြန်နေဖို့ထွက်လာခဲ့တယ်၊ ပြည်ပမထွက်ခင် Facebookကိုဆယ်ရက်လောက်ပိတ်ထားပြီး ပြည်ပရောက်တော့မှပြန်ဖွင့်ကြည့်တဲ့အခါ “ယုဇနနန်းတွင်းမှာသီချင်းသွားဆိုပါတယ်” ဆိုတဲ့မဟုတ်မမှန်သတင်းကဆီးကြိုနေပါပြီ၊ ချက်ခြင်းပဲ ယုရဲ့Facebook ကနေ ကျမဟာပြည်ပရောက်နေပြီးမမှန်မကန်သတင်းတွေမယုံကြဖို့ဖြေရှင်းပေးခဲ့ပါတယ်၊ ယုကိုယ်စားဖြေရှင်းပေးကြတဲ့ အသိမိတ်ဆွေကောင်းများကိုလည်းကျေးဇူးတင်ပါတယ်၊ ဒီလိုနဲ့ကျမအော်ဇီကိုပြန်ရောက်ခဲ့တယ်ပေါ့၊ ပြသနာကမပြီးဘူး နန်းတွင်းမှာဆိုတဲ့ဂယက်က ကျမဒီကိုရောက်တဲ့အချိန်ထိ ဆက်သွားနေတုန်းပဲ၊တော်တော်ခံရခက်ပါတယ်။

ကျမအကြောင်းသိပ်မသိကြတာလည်းပါမှာပေါ့လေ၊ လူတစ်ချို့က ကျမကို ပြည်ပမှာနေချင်လို့နိုင်ငံရေးခုတုံးလုပ်ပြီးထွက်လာတယ်တို့၊ နန်းတွင်းမှာသွားဆိုတယ်တို့ မျိုးစုံထင်ခံခဲ့ရတယ်၊ကျမက အော်ဇီPRကျထားပြီးသားပါ၊ အော်ဇီကိုအချိန်မရွှေးပြန်နေလို့ရတဲ့သူ၊ မြန်မာပြည်မှာနေချင်လို့ကိုမပြန်ခဲ့တာပါ၊ အမှန်ကတော့ မမှန်မကန် အထင်လွဲခံရရင်ပြီးရောဆိုပြီးတော့ အမုန်းတရားနဲ့ ရေးတာမျိုးတွေကတော့မကောင်းဘူးပေါ့၊ သတင်းတစ်ခုလွှင့်လိုက်တာနဲ့ ဘာသက်သေအထောက်ထားမှမရှိဘဲ အလွယ်တကူမယုံလိုက်သင့်ပါဘူး၊ ခံယူချက်တူသူအချင်းချင်း အထင်လွဲခံရတာလောက်ခံရခက်တာမရှိပါဘူးနော်၊ အော်ဇီမှာကိုယ့်အကြောင်းသိတဲ့လူကြီးတွေရဲ့နွေးထွေးစွာအားပေးမူ့၊ဖေးမမူ့တွေကြောင့် စိတ်သက်သာရာရခဲ့ပါတယ်၊ဒီစာလေးဖတ်ပြီး မည်သူ့ကိုမဆို ဘာသက်သေအထောက်အထားမှမရှိဘဲသတင်းတစ်ခုတက်လာတိုင်းတန်းပြီး မယုံလိုက်သင့်ဘူးဆိုတဲ့အကြောင်းလေးကို ယုခံစားခဲ့ရတဲ့အဖြစ်အပျက်လေးနဲ့ ဆင်ခြင်နားလည်နိုင်ပါစေဆုတောင်းရင်း ဆိုပြီးပြောပြသွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.