ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ အာဘွိုင်းတို့မိသားစုလေးပဲဖြစ်ပါတယ်။ သူတို့ကတော့ ကလေးနှစ်ယောက်နဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။လူမှုကွန်ရက်မှာလည်း ပရိသတ်အားပေးမှုများစွာရရှိထားတာဖြစ်ပါတယ်။
ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်ကနေတင်ပေးလေ့ရှိတာပါ။ ကလေးလေးတွေကလည်းချစ်စရာကောင်းတာကြောင့် ပရိသတ်တွေကလည်းချစ်နေရတာပါ။ နှစ်ယောက်လုံးကလည်းလူမှုကွန်ရက်မှာတင် သာမကအနုပညာလောကမှာပါအောင်မြင်သူတွေဖြစ်ကြတာပါ။
ခုမှာလည်း သမီးလေးရဲ့ပြောစကားလေးကိုကြည့်ပြီး မြတ်ရတနာကျော်ကိုစနောက်လိုက်တာဖြစ်ပါတယ်။ “ဖေဖေ ဖုန်းထဲမှာ အခြား မိန်းမပုံတွေ ကြည့်တာ လတ်လတ် မကြိုက်ဝူး… လတ်လတ် စိတ်ဆိုးတယ်…” ၃ နှစ်အရွယ်ကလေးက ဒီစကားပြောတတ်မလား!!! နောက်ကွယ်က လက်မဲကြီး ဘယ်သူလက်ချက်လဲဆိုတာ ကောင်းကောင်းသိတာပေါ့ ဒေါ်မြတ်ရတနာကျော်ရယ် ရယ်ဆိုပြီးစနောက်ထားတာဖြစ်ပါတယ်။