သူ့ရဲ့မွေးနေ့လေးကို မြေဧကများစွာကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ ပကာသနတွေမပါဝင်တဲ့ အလှူလေးတစ်ခု ပြုလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ ခင်လှိုင်

သူ့ရဲ့ဟာသလေးတွေနဲ့ပရိသတ်တွေအမြဲပျော်ရွှင်နေရတာကတော့ ဟာသပညာရှင် ဦးခင်လှိုင်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အားပေးမှုအများဆုံးရထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူပါဝင်တဲ့ဇာတ်ကားတိုင်း ကလည်းအမြဲလိုလိုရယ်မောရလေ့ရှိတာကြောင့်ချစ်နေရတာပါ။

အခုမှာတော့သူဟာအနုပညာအလုပ်တွေအပြင်ဒါရိုက်တာအလုပ်တွေပါကြိုးစားနေတာပါ။ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူတို့မိသားစုရဲ့ပုံရိပ်လေးတွေ video လေးတွေကိုကြည့်ပြီးတော့လည်းအားကျနေရတာဖြစ်ပါတယ်။

မနေ့ကတော့ပရိသတ်တွေကိုရယ်မောအောင်အမြဲဖန်တီးပေးနေတဲ့ဦးခင်လှိုင်ရဲ့မွေးနေ့လေးဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့လေးကိုတော့ ချစ်ရတဲ့မိသားစုတွေ ညီကိုမောင်နှမဆွေမျိုးတွေနဲ့ အညာမြေခြံလေးထဲမှာ ဆရာတော်တွေကိုဆွမ်းကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေလည်းဦးခင်လှိုင်ရဲ့မွေးနေ့လေးကိုဆုတောင်းစကားလေးတွေပြောရင်း သူတို့မိသားစုပုံရိပ်လေးကိုလည်းချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.