ပြည်ပနိုင်ငံတွင် နေထိုင်နေပေမယ့် သမီးလေးတွေ လိမ္မာယဉ်ကျေးအောင် ဘုရားစာရွတ်ဖတ်နည်း သင်ပေးနေတဲ့ စမိုင်းလ်ရဲ့ဗီဒီယိုဖိုင်

စမိုင်းလ်ဆိုတာနဲ့စီးပွားရေးလောကမှာအောင်မြင်မှုတွေများစွာရရှိပြီးအောင်မြင်နေသူတစ်ယောက်ပါ။ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူတို့မိသားစုပုံရိပ်လေးတွေကိုပရိသတ်တွေကြည့်ပြီးအားကျနေရတာပါ။

သူတို့ဟာခုချိန်မှာတော့မိသားစုလိုက်အမေရိကားမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။ သူမရဲ့သမီးအကြီးကလည်း ခုမှာနိုင်ငံခြားကနေမော်ဒယ်အလုပ်တွေလုပ်ကိုင်နေတာဖြစ်ပါတယ်။ အစကလူမှုကွန်ရက်မှာပုံရိပ်လေးတွေနဲ့ဝေးကွာနေပေမယ့် ခုနောက်ပိုင်းမှာမှ ပုံရိပ်လေးတွေပြန်တင်နေတာပါ။

မကြာသေးခင်ကလည်း ပြင်ဦးလွင်ကသူတို့ဟော်တယ်ကြီးမှာလည်း အလှုအတန်းလေးတွေပြုလုပ်ခဲ့တာပါ။ ဘာသာတရားလည်းကိုင်းရှိုင်းတဲ့ချစ်စရာမိသားစုလေးဖြစ်ပါတယ်။ ခုမှာတော့မိသားစုလိုက်ဘုရားရှိခိုးနေတဲ့video လေးကိုတင်ထားတာပါ။အေးချမ်းဖို့ကောင်းတဲ့သူတို့မိသားစု video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.