သူတို့ရဲ့ဆိုင်လေးမှာ ချစ်သူလေးနဲ့အတူ တရားနာနေတဲ့ ဗီဒီယိုဖိုင်လေးကို တရားဝင်ချပြလိုက်တဲ့ ပိုင်တံခွန်

ပိုင်တံခွန်ဆိုတာနဲ့ တစ်တိုင်းပြည်လုံးကချစ်ရတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ မြန်မာမှာသာမက နိုင်ငံတစ်ကာမှာပါ ပရိသတ်အားပေးမှုတွေရရှိထားတာဖြစ်ပါတယ်။ အောင်မြင်မှုတွေများစွာရရှိပြီးအောင်မြင်သူတစ်ယောက်ဖြစ်ပေမယ့်လည်း ပရိသတ်တွေအပေါ်အမြဲလေးစားသူတစ်ယောက်ပါ။

သူဟာ လွန်ခဲ့တဲ့လပိုင်းမှလည်းထိန်းသိမ်းခံရာကနေလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ လွတ်မြောက်ပြီးမကြာခင်မှာလည်းပွဲလေးတွေမှာဖိတ်ကြားခံရပြီးတက်ရောက်ခဲ့ရတာပါ။ နောက်ပိုင်းမှာတော့သူဟာ ပွဲလေးတွေကိုဖျက်သိမ်းခဲ့ပြီးပရိသတ်တွေဘက်ကရပ်တည်ခဲ့တာပါ။

လူမှုကွန်ရက်ကနေတော့ပုံရိပ်လေးတွေကိုအမြဲတင်ပေးလေ့ရှိတာပါ။ ခုမှာလည်းသူနဲ့သူ့ကောင်မလေးတို့ဖွင့်ထားတဲ့ဆိုင်လေးမှာ နှစ်သစ်ကူးအလှူလေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေလည်းနှစ်ကူးအလှူ video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *