လူမျိုးခြားနဲ့ အိမ်ထောင်ပြုလိုက်တဲ့အတွက် ရစရာမရှိအောင် ဝေဖန်နေကြသူများအား ချက်နဲ့လက်နဲ့သေချာ ရှင်းပြလိုက်တဲ့ စုစုဝေ

မကြာခင်မွေးဖွားတော့မယ့်သားလေးရဲ့ကိုယ်ဝန်ကိုလွယ်ရင်း ကြည်နူးစရာကောင်းတဲ့အိမ်ထောင်ရှင်ဘဝလေးကိုဖြတ်သန်းနေတာကတော့ စုစုဝေပဲဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ ပရိသတ်တွေအားကျချစ်နေရတာကြောင့် မကြာခင်မိသားစုဘဝလေးပိုင်ဆိုင်ရမှာကိုလည်းဂုဏ်ပြုပေးနေကြတာပါ။ သားလေးရဲ့ကိုယ်ဝန်ဆောင်ပုံရိပ်တွေတင်တိုင်းလည်းပရိသတ်တွေချစ်မဝဖြစ်နေရတာပါ။

လူမှုကွန်ရက်မှာပရိသတ်တွေအတွက်ပုံရိပ်လေးတွေတင်ပေးလေ့ရှိတဲ့သူမကတော့ခုမှာလည်း သူတို့စတွေ့ခဲ့တဲ့ဒီနေ့အကြောင်းလေးကိုပြောပြခဲ့တာပါ။ ဒီနေ့လိုမျိုးရက်ကလေးပေါ့ လွန်ခဲ့တဲ့ လေးနှစ်က ကျွန်မဘဝထဲကိုသူစရောက်လာခဲ့တယ် အဲ့ဒီနေ့က တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း တစ်ယောက်အကြောင်းတစ်ယောက် ပြောဆိုဖွင့်ဟပြီ ချစ်သူဖြစ်ခဲ့တဲ့နေ့လေ 21-4-2018 အခုထိပြောဆိုခဲ့ကြတာတွေကိုမှတ်မိနေတုန်း။ချစ်သူဖြစ်ပြီ သူ့ဘက်ကတရားဝင် လူတွေအရှေ့ကိုကိုယ်ထုတ်ပြတော့ လူတစ်ချို့ရဲ့ဝေဖန်တိုက်ခိုက်မှုတွေအလူးအလှိမ့်ခံစားခဲ့ရတာတွေ မှတ်မိနေသေးတယ်။

သူတို့ပြောသလိုပဲ အချိန်ကသက်သေပြမယ်ဆိုတာ တစ်ကယ်မှန်ပါတယ်။ကျွန်မကတော့ သူကိုစပြီ ချစ်သူဖြစ်ကတည်းက လေးစားမှု ယုံကြည်မှုအပြည့်အဝထားခဲ့တော့ ဘယ်သူဘာပြောပြော ကျွန်မတို့တည်ဆောက်ထားတဲ့ RS ကိုပဲပိုလို့ခိုင်မြဲအောင်ပဲကြိုးစားခဲ့တယ်။သူ့ဘက်ကလဲ ဘယ်လိုအခက်အခဲပဲရှိရှိကိုယ့်ကို လက်မလွတ်ပဲ အမြဲစိတ်ရှည် သည်းခံပေးခဲ့တယ်။

တိုင်းပြည်အတွင်း ကျန်းမာရေ နိုင်ငံရေးတွေ ရှုပ်ထွေးဆိုးရွားလာတဲ့အချိန် မှာလဲ သူ့အတွက်ကိုယ်မပါပဲ ကိုယ်နိုင်ငံကနေ သူတစ်ယောက်ထဲသူထွက်သွားချင်ရင်သွားလို့ရတဲ့အခွင့်အရေး သူမှာရှိရက် ရရက်သာနဲ့သူမလုပ်ခဲ့ပါဘူး။ သူမှာအဲ့လိုစိတ်ဓါတ်မျိုးမရှိဘူးဆိုတာ ကျွန်မကိုပြသခဲ့တယ် ။ကျွန်မကို မရမက သူနဲ့အတူပါအောင်အမျိုးမျိုးကြိုးစားပြီ ရအောင်ခေါ်ဆောင်လာနိုင်တယ် သူ့ရဲ့မိဘတွေကိုလဲအထူးကျေးဇူးတင်တယ်။

သူတို့လဲ ချွေးမလေးကျွန်မကို ဘက်စုံကြိုးစားပြီ ရအောင်ခေါ်ထုတ်ဖို့ ကြိုးစားပေးခဲ့တယ်။ ဗုဒ္ဓဘုရားကိုလဲ အခက်အခဲကြားကနေ လွတ်မြောက်အောင်ကူညီပေးလို့ အထူးယုံကြည် ကျေးဇူးတင်မိတယ်။အခုလို4 နှစ်ပြည့်တဲ့အချိန်မကြာခင် ရက်ပိုင်းလေးမှာ ကျွန်မတို့နှစ်ယောက်ရဲ့ သားဦးရတနာလေးမျက်နှာကိုလဲ မြင်ခွင့်ရတော့မယ်။ချစ်တယ်ယောက်ျားရေ နောက်ထပ်လဲပိုလို့ ကျွန်မတို့သားမိကိုချစ်ပေးပါအုန်းနော် Ich liebe dich Mikis Weber Danke für Alles ဆိုပြီးအမှတ်တရလေးတွေကိုပြောပြခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.