မြတ်သူသူဆိုတာနဲ့ ပရိသတ်တွေအမြဲချစ်ပြီးအားပေးနေကြတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးတွေကနေ အချိန်တိုအတွင်းပရိသတ်အားပေးမှုကိုရရှိခဲ့သူတစ်ယောက်ပါ။ ယခုမှာတော့ အောင်မြင်သူတစ်ယောက်အဖြစ်အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေတာပါ။
သူမဟာ လူမှုကွန်ရက်ကနေပရိသတ်တွေနဲ့မပြတ်အောင်ပုံလေးတွေစာလေးတွေတင်ပေးလေ့ရှိတာပါ။ မကြာခဏဆိုပဲ အချစ်ရေးနဲ့ပတ်သက်ကြီးတိုက်ခိုက်မှုတွေကြုံခဲ့ရတာဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေရှိပေမယ့်လည်း ပျော်ရွှင်စရာအချစ်ရေးလေးကိုပိုင်ဆိုင်ထားတာပါ။
သူမရဲ့အချစ်ရေးလေးကိုလည်းလူမှုကွန်ရက်မှာတရားဝင်ချပြလေ့ရှိပြီး ပရိသတ်တွေအားကျနေရတာပါ။ ခုမှာလည်း ပရိသတ်တွေကိုအားကျစေလောက်တဲ့ သူတို့ video call ပြောတဲ့အချိန်လေးကိုချပြလိုက်တာပါ။ တစ်နေ့တစ်နေ့ ဘာတွေပြောကြမှန်းလည်း မသိဘူး အမြဲတမ်း မြင်မနေရရင်ကို အဆင်မပြေတော့တာ ကြိုက်လာတာပဲ နှစ်ပေါက် ခုထိ ချစ်မဝဘူးရယ်ဆိုပြီး ချစ်ပြလိုက်တာဖြစ်ပါတယ်။