မကြာခင်မိသားစုဝင်အဖြစ်ရောက်ရှိလာတော့မယ့် ကလေးလေးရဲ့ကိုယ်ဝန်လေးကိုလွယ်ထားရတာကတော့ ဘေဘီမောင်ပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးနဲ့အတူ မကြာခင်မှာလည်းမိသားစုဘဝလေးကိုဖြတ်သန်းရတော့မှာပါ။ ခင်ပွန်းဖြစ်သူနဲ့ ဂရုစိုက်ယုယမှုတွေကလည်းအားကျစရာပဲဖြစ်ပါတယ်။
သူမဟာ စီးပွားရေးလေးတွေမှာလည်းအောင်မြင်နေတဲ့သူတစ်ယောက်ပါ။ ကိုယ်ဝန်ဆောင်ထားရပေမယ့်လည်း အလုပ်တွေကို ကြိုးစားနေတာပါ။ မကြာခင်မိသားစုဝင်ဖြစ်လာတော့မယ့် ကလေးလေးအတွက် နှစ်ယောက်လုံးကကြိုးစားရင်း ရင်ခုန်နေတာဖြစ်ပါတယ်။
ဗိုက်ထဲက ကလေးလေးကလည်း သားသားလေးလား မီးမီးလားဆိုတာပရိသတ်တွေကလည်း ရင်ခုန်နေကြတာပါ။ ခုမှာတော့သိရပြီဖြစ်ပြီး သူမရဲ့လူမှုကွန်ရက်ကနေခုလိုပြောပြသွားခဲ့တာပါ။ ဗိုက်ထဲကဘာလေးလဲတဲ့ဘာလေးလဲဆိုတာသိရပါပြီရှင့်ဖေဖေဂန်းကို မေမေထက်ပိုချွဲမယ့် မီးမီးလေးပါရှင့်ဆိုပြီးပြောပြခဲ့တာပါ။