အစ်ကိုဖြစ်သူ မဆုံးခင်တစ်ရက်က နောက်ဆုံးပြောသွားတဲ့ မှတ်တမ်းလေးကို ဝမ်းနည်းခြင်းများစွာဖြင့် ထုတ်ပြလိုက်တဲ့ ရေမွန်ရဲ့ညီမလေး

ရေမွန်လို့ကြားလိုက်တာနဲ့ယနေ့ချိန်ထိတိုင်ပရိသတ်တွေမေ့မရနိုင်တဲ့အဆိုတော်တစ်​ယောက်ပါ။ လူငယ်ပရိသတ်များစွာရဲ့အားပေးမှုတွေကိုအပြည့်ရရှိပြီးအောင်မြင်ခဲ့တာဖြစ်ပါတယ်။ သူကတော့ပြီးခဲ့တဲ့နှစ်ကပဲ ချစ်တဲ့ပရိသတ်တွေမိသားစုတွေကိုအပြီးတိုင်နှုတ်ဆက်ခွဲခွာသွားခဲ့တာပါ။

သူကွယ်လွန်ချိန်ဟာ အရမ်းစောလွန်းတာကြောင့်ပရိသတ်တွေနှမြောတသဖြစ်နေရတာပါ။ ယနေ့ချိန်ထိသူ့သီချင်းတွေဟာပရိသတ်တွေနားထောင်​နေကြတာဖြစ်ပြီး သီချင်းသံကြားတိုင်းသူ့ကိုလွမ်းမိနေတာပါ။ ချစ်ရတဲ့အမေနဲ့ညီမလေးတို့ကလည်းယနေ့တိုင်သူ့ကိုမေ့မရနေတာပါ။

ရေမွန်နဲ့ပတ်သက်တာလေးတွေကိုညီမဖြစ်သူကအမြဲတင်ပေးလေ့ရှိပြီးသတိရနေတာပါ။ ခုမှာလည်းသူမဆုံးခင်ရက်ကပြောခဲ့တာလေးကိုချပြခဲ့တာပါ။ ဘယ်သူမှမျှော်လင့်မထားတဲ့ ခွဲခွာခြင်းနဲ့အတူအပြီးတိုင်နှုတ်ဆက်သွားတဲ့ ရေမွန်အတွက် ဆုတောင်းစာလေးတွေနဲ့နှုတ်ဆက်ပေးသွားကြပါဦးနော်။

Leave a Reply

Your email address will not be published.