ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့်ပရိသတ်တွေအမြဲချစ်နေရတာကတော့ ခေးဆက်သွင်ပဲဖြစ်ပါတယ်။ ကောင်လေးတွေသာမက မိန်းကလေးအများစုကပါချစ်နေရသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အချိန်တိုအတွင်းအနုပညာလောကမှာအောင်မြင်မှုတွေရရှိကာပရိသတ်အားပေးမှုတွေရရှိနေတာပါ။
ဇာတ်လမ်းတွဲလေးတွေလည်းရိုက်ကူးခဲ့ရပြီး ခုနောက်ပိုင်းကြော်ငြာလေးတွေလည်းရိုက်ကူးနေရတာဖြစ်ပါတယ်။ သူမရဲ့အောင်မြင်မှုတွေကြောင့်လည်းအလုပ်တွေများစွာကမ်းလှမ်းခံနေရပြီးကြော်ငြာများစွာရိုက်ကူးနေရတာပါ။ သူမရဲ့လှုပ်ရှားမှုတိုင်းကိုလူမှုကွန်ရက်မှာအမြဲပရိသတ်တွေအတွက်တင်ပေးလေ့ရှိတာပါ။
ခုမှာလည်းသူမရဲ့ပုံလေးနဲ့စာလေးတစ်ခုကြောင့်ပရိသတ်တွေအံ့သြခဲ့ရတာပါ။ လူရွေးမှန်သွားတဲ့အခါ ညဘက်ကြီးလည်းထပြေးဖို့ရာဇသံပေးခံရတယ်ဆိုပြီး အပြေးစက်ပေါ်မှာပြေးနေတဲ့ပုံလေးတင်ထားတာပါ။ သူလူရွေးမှန်သွားတာဘယ်သူလဲဆိုတာကတော့ ဆက်လက်ပြီးစောင့်ကြည့်ချစ်ပေးကြပါဦးနော်။