သိန်းထောင်ကျော်တန်တဲ့ သူမရဲ့အမိုက်စားကားတွေကို ရေဆေးပေးနေတဲ့ သားလေးရဲ့ပုံစံလေးကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားတဲ့ မိုးယုစံ

မိုးယုစံဆိုတာနဲ့တစ်ခေတ်တစ်ခါကအောင်မြင်မှုတွေများစွာရရှိပြီးအောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာအနုပညာလောကထဲရောက်လာချိန်ကတည်းက သူမရဲ့ video ဇာတ်ကားတိုင်းကိုပရိသတ်တွေကချစ်ပြီးအားပေးခဲ့ကြတာပါ။ ခုမှာတော့အနုပညာနဲ့ဝေးကွာသွားခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်းသူမရဲ့ပုံရိပ်လေးတွေကိုလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်နဲ့မပြတ်ရှိနေတာပါ။ သူမဟာခုချိန်မှာ သာလေးနှစ်ယောက်နဲ့အတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားတာပါ။ ကလေးတွေရဲ့ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်ပေါ်တင်ပေးလေ့ရှိပြီးပရိသတ်တွေချစ်​နေရတာပါ။

ခုမှာလည်း အကြီးကောင်လေးကိုကြည့်ပြီးချစ်မဝဖြစ်နေတဲ့ပုံရိပ်လေးကိုတင်ထားတာပါ။ မေ့သားကြီးက အားကိုးရပြီဆိုတဲ့ပုံလေးနဲ့အတူ သားလေးက ကားလေးကိုရေဆေးပေးနေတာဖြစ်ပါတယ်။ ဘယ်လိုချစ်စရာကောင်းလဲဆိုတာကတော့အောက်ကပုံရိပ်လေးတွေကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.