သူမရဲ့အကောင့်ကို ဟက်ဖို့နေ့စဉ်ကြံစည်နေသူအား ထိမိပိုင်နိုင်လွန်းတဲ့ စကားတစ်ခွန်းဖြင့် တုံ့ပြန်ချေပလိုက်တဲ့ သင်ဇာဝင့်ကျော်

သင်ဇာဆိုတာနဲ့ပရိသတ်တွေအမြဲချစ်ပြီးအားပေးနေကြသူတစ်ယောက်ပါ။ မြန်မာနိုင်ငံရဲ့ပရိသတ်တွေစိတ်ဝင်စားခြင်းကိုအများဆုံးခံရသူပါ။ ယောက်ျားလေးတွေသာမကမိန်းကလေးတွေကပါချစ်ခင်အားပေးနေကြတာပါ။

လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီး ပရိသတ်တွေချစ်နေကြတာပါ။ မကြာခင်ကလည်းသူမရဲ့ချစ်သူကိုလူမှုကွန်ရက်လေးမှာချပြခဲ့ပြီးပရိသတ်တွေကိုစပရိုက်တိုက်ခဲ့တာပါ။ အဲ့နောက်ပိုင်းမှာတော့သူမရဲ့ facebook accကို ဟက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါကြောင့်လူမှုကွန်ရက်ကနေ သူမaccဟက်ဖို့ကြိုးစားနေသူတွေကိုခုလိုပြောခဲ့တာပါ။ Account hack နေတဲ့သူလဲ ငါ့ချစ်သူလိုပဲနော်။

မနက်တခါညတခါ reset code တွေပို့ရတာ သူမမောဘူးလားမသိဘူး mail ကိုပို့လိုက် ph message ကိုပို့လိုက်နဲ့ ခုဆိုနေ့တိုင်းနီးပါးပို့တာ ၂ လနီးပါးတောင်ရှိတော့မယ် ။၂လပြည့် anniversary တောင်လုပ်ရင်ကောင်းမလားပဲ။သူမပို့တဲ့ရက်တွေဆိုရင်ကိုယ့်မှာမျှော်နေမိတယ် ပို့မလာသေးပါလားလို့ သံယောဇဉ်တောင်တွယ်နေမိပြီထင်တယ် ။ဒီရက်ပိုင်း ခနခန ပို့လာတာဆိုတော့ နင်ရောငါ့ကိုလွမ်းနေလို့လားဟင် ဆိုပြီးပြောလိုက်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *