ခရီးသွားရင် ဘေးကနေကားကူ ကြည့်ပေးမယ်ပြောပြီး အိပ်မောကျနေတဲ့ ချစ်သူလေးကို ဓာတ်ပုံခိုးရိုက်ပြီး ဆေးထိုးလိုက်တဲ့ ကျော်ကျော်

တစ်ယောက်ကိုတစ်ယောက်ဆေးထိုးတဲ့ video လေးတွေနဲ့အမြဲစနောက်လေ့ရှိတာကတော့ ကျော်ကျော်နဲ့ဆုမြတ်နိုးဦးတို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာပရိသတ်တွေကိုအမြဲပျော်ရွှင်အောင်စနောက်လေ့ရှိပြီး ပရိသတ်တွေရယ်မောရတာပါ။ ဒါကြောင့်လည်းပရိသတ်တွေကချစ်နေရတာပါ။

ဗီဒီယိုဇာတ်ကားတွေခေတ်ကတည်းကပရိသတ်အားပေးမှုတွေနဲ့အောင်မြင်ခဲ့ပေမယ့်နောက်ပိုင်း လူမှုကွန်ရက်ကvideo ​လေးတွေနဲ့ပိုအောင်မြင်လာတာပါ။ သူတို့video လေးတွေကိုအမြဲစောင့်မျှော်နေတဲ့ပရိသတ်တွေလည်းရှိနေတာပါ။ သူတို့ဟာအောင်မြင်တဲ့သူတွေဖြစ်ပေမယ့်လည်း ပရိသတ်တွေနဲ့ရင်းနှီးကျွမ်းဝင်စွာနေထိုင်နေသူတွေပဲဖြစ်ပါတယ်။

ခုမှာလည်း တစ်ယောက်အလစ်ကိုတစ်​ယောက်စနောက်တက်တဲ့သူတွေပီပီ ကျော်ကျော်တစ်ယောက်ဆေးထိုးလိုက်တာပါ။ နှစ်ယောက်သားခရီးသွားနေတာဖြစ်ပြီး စုမြတ်နိုးဦးကတော့ကားပေါ်အိပ်နေခဲ့တာပါ။ ခရီးသွားရင် ဘေးကနေ ကားတွေကူပီးကြည့်ပေးတက်တဲ့ မြတ်နိုးမ တစ်ယောက်လုံးရှိပါတယ်ဗျာဆိုပြီးစနောက်ထားတဲ့ပုံရိပ်လေးကိုလည်းကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *