သူတို့မိသားစုပိုင်တဲ့ ခြံကနေစိုက်ပျိုးထားသော ဒူးရင်းသီးတွေကို ပြန်လည်ရောင်းချဖို့ စတင်ပြင်ဆင်နေတဲ့ စိန်ဖြိုးလှိုင်တို့ဇနီးမောင်နှံ

တစ်​ယောက်အလစ်ကိုတစ်ယောက် စောင့်ပြီးဆေးထိုးလေ့ရှိတာကတော့ စိန်ဖြိုးနဲ့ရီတို့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာချစ်သူဘဝကိုပြတ်သန်းပြီး မကြာခင်ကမှလက်ထပ်ခဲ့တာပါ။ သူတို့နှစ်ယောက်ဟာလည်း ပရိသတ်တွေအားကျရတဲ့စုံတွဲလေးလည်းဖြစ်ပါတယ်။

သူတို့ဟာအမြဲလိုလိုစနောက်လေ့ရှိပြီးရီမောနေတာပါ။ အမြဲဘဝကိုပျော်ရွှင်စွာနေထိုင်ကြသူတွေလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ယောက်ဟာပရိသတ်တွေအမြဲပျော်ရွှင်အောင်ဖန်တီးပေးလေ့ရှိတာကြောင့် လည်းပရိသတ်တွေချစ်နေရတာပါ။ သူတို့ဟာ နယ်မြို့လေးမှာလည်းဒူးရင်းခြံလေးစိုက်ထားတာဖြစ်ပါတယ်။

ခုမှာလည်းသူတို့ခြံလေးမှာ ဒူးရင်းသီးလေးတွေစသီးနေပြီဖြစ်ပါတယ်။ ၂၀၂၂ ရဲ့ ပထမဦးဆုံး ခူးတဲ့ အသီးလေးတွေ…ရောင်းဖို့တော့မရှိသေးပါဘူး။ မိသားစုအတွက်တောင် မလောက်သေးလို့ နောက်တစ်သုတ်ရောက်တာနဲ့ Hlaing Durian Orchard Page ကနေကြေငြာပေးပါမယ်ဆိုပြီးကြော်ငြာပေးခဲ့တာပါ။ ပရိသတ်တွလည်းpageလေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *