မသမာသူလူတစ်စုရဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပွဲချင်းပြီးကွယ်လွန်သွားခဲ့ရတဲ့ အဘိုးဖြစ်သူအတွက် ယူကြုံးမရဝမ်းနည်းနေတဲ့ ဟိန်းထက်

စစ်အာဏာရှင်တော်လှန်ရေးကိုတော့နယ်ပယ်အသီးသီးမှပြည်သူတွေပါဝင်တော်လှန်နေကြတာဖြစ်ပါတယ်။ ပရိသတ်တွေနဲ့အရင်းနှီးဆုံးဖြစ်တဲ့ အနုပညာလောကမှ အနုပညာရှင်တွေလည်းပါဝင်ခဲ့ကြတာပါ။ ခုမှာတော့လက်နက်ကိုင်လမ်းစဥ်ကိုရွေးချယ်ရင်းတော်လှန်နေကြတာဖြစ်ပါတယ်။

အဲ့အထဲမှာမှာ MRTV-4 ဇာတ်လမ်းတွဲလေးတွေကနေပရိသတ်အားပေးမှုတွေနဲ့အောင်မြင်ခဲ့တဲ့ ဟိန်းထက်လည်းအပါဖြစ်ပါတယ်။ လက်ရှိမှာလွတ်မြောက်နယ်မြေတစ်နေကနေတော်လှန်နေတာပါ။ မိဘချစ်ရတဲ့သူတွေနဲ့အချိန်တော်ကြာအခက်ခဲတွေကြားထဲကနေခွဲနေနေရတာပါ။

ခုမှာတော့သူရဲ့လူမှုကွန်ရက်ကစာ​လေး​ကြောင့်စိတ်မကောင်းဖြစ်ခဲ့ရတာပါ။ သူ့ရဲ့အိမ်လေးကို လက်နက်ကိုင်လူတစ်စုကဝင်ရောက်ပစ်ခဲ့ခဲ့တာဖြစ်ပါတယ်။ အဲ့ချိန်မှာ အဖိုးဖြစ်သူဟာသေနတစ်ထိမှန်ပြီးသေဆုံးခဲ့ပါတယ်။ ခုလိုမတရားမှုတွေကြားထဲက မိသားစုတွေထိပါထိခိုက်လာနေပြီဖြစ်တဲ့ဟိန်းထက်အတွက် ပရိသတ်တွေကအားပေးစကားလေးတွေနဲ့နှစ်သိမ့်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.