ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားတာကတော့မေထွဋ်ခေါင်တို့ပဲဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်စနောက်ဆေးထိုးရင်းချစ်နေရတာပါ။ သူတို့video လေးတွေဟာလည်းပရိသတ်ကြားမှာရေပန်းစားပြီးချစ်နေကြတာပါ။
သူတို့နှစ်ယောက်ဟာ ပရိသတ်တွေအားကျရတဲ့အတွဲလေးထဲကတစ်တွဲပါ။ အခက်အခဲတွေကို တူတူကျော်ဖြတ်ရင်းနဲ့ ပျော်ရွှင်စရာဘဝလေးကိုခုချိန်မှာတည်ဆောက်ထားနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း နောက်ပိုင်းလူမှုကွန်ရက်ကနေပရိသတ်တွေရှေ့ပြန်ရောက်လာပြီး ဖျော်ဖြေပေးနေတာပါ။
အခုမှာလည်းမေထွဋ်ခေါင်တစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ဆေးထိုးခြင်းခံလိုက်ရတာပါ။ သရက်ပင်ပေါ်ကိုယ်တိုင်တက်ပြီးခူးနေတဲ့မေထွဋ်ခေါင်ရဲ့video လေးကိုတင်ထားတာပါ။ ဘယ်လိုတောင်နှစ်ယောက်စနောက်ရင်းပျော်ရွှင်စရာကောင်းလဲဆိုတာကိုတော့video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။