လူမျိုးခြားရုပ်လေး ထွက်လာတဲ့ သူမရဲ့သားလေးကို ကြည့်ပြီး ပြောမပြတတ်အောင် ပီတိဖြစ်နေတဲ့ စုစုဝင်း

ပရိသတ်တွေချစ်ပြီးအားကျနေရတဲ့ Mikis Weber နဲ့စုစုဝေတို့ကတော့ခုမှာပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ သူတို့အရမ်းမျှော်လင့်နေခဲ့တဲ့ သူတို့သားဦးလေးမိသားစုထဲကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သားဦးဖြစ်တာကြောင့်လည်း ခင်ပွန်း​ဖြစ်သူရဲ့မိသားစုကပါချစ်မဝဖြစ်နေရတာပါ။

သားလေးကိုတော့ ပြီးခဲ့တဲ့၄ရက်လောက်ကမွေးဖွားခဲ့တာပါ။ မွေးဖွားပြီးချိန်မှာပဲသူမရဲ့လူမှုကွန်ရက်ကနေ အောင်မြင်စွာမွေးဖွားပြီးကြောင်းစိတ်ပူမျှော်လင့်နေတဲ့ပရိသတ်တွေအတွက်တင်ခဲ့ပါသေးတယ်။ ပရိသတ်တွေလည်းသားလေးရဲ့ပုံရိပ်လေးတွေကိုမျှော်နေကြတာပါ။

ခုမှာတော့သားလေးရဲ့ပုံရိပ်လေးတွေနဲ့အတူပျော်ရွှင်နေတဲ့မိသားစုပုံရိပ်လေးတွေကိုတင်ထားတာပါ။ ကျမဘဝရဲ့ ဖော်ပြမတတ်လောက်အောင်ကိုချစ်ခင် တန်ဖိုးထားရတဲ့ သားလေးသားသားရော မေမေပါ အားလုံးကျန်းမာရေးကောင်းပါတယ်ရှင့် ဝိုင်းပြီး မေတ္တာပို့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်လို့ ဒီနေရာကနေ ပြန်ဖြေလိုက်ပါတယ်ရှင့် ဖိုးဖိုးဖွားဖွားပုံလေးပါထပ့်ထည့်ထားပါတယ်ရှင့်ဆိုပြီးရေးသားထားခဲ့တာပါ။ ပရိသတ်တွေလည်းကလေးပုံရိပ်လေးတွေကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.