အသက်အရွယ် ရလာတာနဲ့အမျှ သူမကြုံတွေ့ရတဲ့ စိတ်အခြေနေလေးတွေကို ရင်ဖွင့် ပြောပြလာတဲ့ ဇင်သဲနိုင်

တစ်ချိန်ကသူတို့မိသားစုလေးကြည့်တိုင်းပရိသတ်တွေအမြဲအားကျပြီးချစ်ခဲ့ရတာကတော့ ဇင်သဲနိုင်တို့မိသားစုလေးပဲဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းနဲ့တူတူနှစ်ယောက်တူတူကြိုးစားရင်းပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ မိသားစုကိစ္စတွေကြောင့်ပရိသတ်တွေဖန်မှုတွေခံခဲ့ရပေမယ့်လည်းနောက်ပိုင်းမှာပြန်ချစ်နေရတာပါ။

မကြာခင်ကပဲ ဇင်သဲနိုင်ရဲ့မွေးနေ့လေးမှာ ပိုင်ဇေရဲထွန်းရဲ့မွေးနေ့ဆုတောင်းလေးကြောင့်ပရိသတ်တွေကြည်နူးခဲ့တာပါ။ ခုမှာတော့ဇင်သဲနိုင်ဟာအသက်အရွယ်လည်းရလာတာကြောင့်သူမကြုံတွေ့ရတဲ့စိတ်အခြေနေလေးကိုပြောပြခဲ့တာပါ။အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ…အရင်လိုပေါ့ပေါ့ပါးပါးမဟုတ်တော့ပဲ အရာရာကိုseriousဖြစ်လာတယ်။

တစ်ခုခုဝယ်တော့မယ် အရင်လိုလက်မလွယ်ပဲ တကယ်လိုအပ်ရဲ့လားလို့အခါခါစဉ်းစားတတ်လာတယ်။တစ်ခုခုပြောတော့မယ်ဆို အရင်လိုပက်ခနဲမဟုတ်ပဲ အချိန်ခဏယူပြီးမှပြောသင့်မပြောသင့်ချင့်ချိန်ပြီးမှပြောဖြစ်တော့တယ်။အရင်လိုလူတရုန်းရုန်းနဲ့ဆိုမပျော်တတ်တော့ပဲ ကိုယ်ချစ်တဲ့ကိုယ့်ကိုချစ်တဲ့လူအနည်းစုနဲ့ပဲပျော်တတ်လာတယ်အလုပ်တစ်ခုလုပ်တော့မယ်ဆိုလည်းအရင်လိုလုပ်ချင်တာတစ်ခုထဲနဲ့အကောင်ထည်မဖော်ချင်တော့ဘူး အရင်ဆုံးရှုံးမဲ့riskကိုခံနိုင်ရဲ့လားအထပ်ထပ်စဉ်းစားပြီးမှလုပ်ဖြစ်တော့တယ်..သွေးဆူအရမ်းလွယ်တဲ့သူကသွေးအေးလာတယ်..ဆုံးဖြတ်ချက်တွေအရင်လိုမမြန်တော့ဘူးတစ်ခုခုဆိုအလေးနက်ကြီး သိပ်စဉ်းစားသိပ်တွေးပြီး အရမ်းတွေခံစားနေတာ အသက်တွေကြီးသွားလို့များလား..ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.