မြန်မာဘောလုံးပရိသတ်တွေရဲ့အချစ်တော်အောင်သူကတော့လက်ရှိထိုင်းနိုင်ငံမှာသွားရောက်ကစားနေတာဖြစ်ပါတယ်။ သူ့ရဲ့ခြေစွမ်းတွေကြောင့်လည်းထိုင်းပရိသတ်တွေရဲ့အားပေးမှုတွေကိုပါရရှိထားတာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေနေတွေကြောင့်မြန်မာ့လက်ရွေးစင်အသင်းမှာတော့ပါဝင်ကစားခြင်းမရှိတာကြောင့်သူ့ပွဲတွေကိုတော့ထိုင်းလိဒ်တွေမှာပဲအားပေးနေရတာပါ။
သူဟာထိုင်းနိုင်ငံမှာ မိသားစုနဲ့အတူတုနေထိုင်နေတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သားလေးနဲ့အတူ ဇနီးပိုးအိအိခန့်နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ အောင်သူဟာအနေအေးတက်သူတစ်ယောက်ဖြစ်ပေမယ့် သူ့မိသားစုကိုဘယ်လောက်ဂရုစိုက်တက်သူဖြစ်ကြောင်းကို ပိုးအိအိခန့်ကခုလိုပဲပြောပြခဲ့တာပါ။
သားသားကို နို့စဖြတ်နေတော့ (နို့ဖြတ်တာနောက်တောင်ကျနေပါပြီ) ညက အိပ်မပျော် သူငိုတာနဲ့ထချီဖို့ စိတ်ကပြင်နေတာနဲ့ အိပ်မရပါဘူးအဲ့ဒါနဲ့ fb လေးသုံး ဟိုလူတင်တဲ့စာဖတ် ဒီလူတင်တာမြင် ဟိုတွေးလိုက် ဒီတွေးလိုက်နဲ့အတွေးထဲ ဝင်လာတာလေးက ယောကျာ်းအကြောင်း ငါသိပ်ကံကောင်းတယ်ဆိုပြီးတော့လေဒီလိုပါ ဘာကံကောင်းသလဲဆိုရင် အချက်ကလေးတွေနဲ့ပြောပြမယ်ကျွန်မကလေ ယောကျာ်းလေးဆို စကားတွေ အများကြီးပြော အပိုတွေပြော လျှောက်ပြော ဖောင်ဖွဲ့ပြော အပြောလေးချို ပြီးရင် အပြောနဲ့လက်တွေ့မကျတဲ့သူတွေ ဆို မကြိုက်ဘူးအဲ့ဒီမကြိုက်တဲ့အချက် ကျွန်မ ယောကျာ်းမှာမရှိဘူး။တစ်ခါတစ်လေ မပြောလွန်းလိူ့ တို့တို့ပြီးပြောခိုင်းရပေမယ့် ဒါကျွန်မ ကြိုက်တဲ့ပုံစံပဲလေဟိတ်ကြီးဟန်ကြီး တစ်စိမှ မနေတတ်ဘူးအဲ့အချက်က သူနဲ့ကျွန်မ သိပ်တူတာ (တူတု့ တူတောင်နေသေး)သူက ဘာကြီးမို့လို့ ဘယ်လိုတော့ဝတ်စားသင့်တယ်တို့ သူက ဘယ်လိုနေရာရောက်နေလို့ သူ့ကိုလူတွေ အထင်သေးမှာဆိုးလို့ဘယ်လို ဟိတ်နဲ့ဟန်နဲ့နေလိူက်မယ်တို့ လုံးဝ မရှိတာအဲ့လိုဟိတ်ဟန်နဲ့နေရမယ့်လူများတဲ့နေရာဆိုလည်းမသွားဘူး မဖြစ်မနေမှသာ (တစ်နည်းအားဖြင့် မကြွားတတ် မာန်မာန မထားတတ် ဂုဏ်မမောက်တတ်ဘူးလို့ပြောရမှာပေါ့နော်)low profile နေတတ်တာ
(ကိုရေ ကို့အတွက် ဖောင်း ကို့အစား page လေး run ပေးမယ်လေ ကို့ activities လေးတွေ တင်ပေးမယ်လေ ဆို ဟာ…. နေပါ ကို အဲ့လို social media ကြီးမှာ ပေါ်မလာချင်ဘူး )ကို့ကို အားပေးနေတဲ့သူတွေရှိတယ်လေ ကိုရယ် သူတို့လည်းသိချင်မှာပေါ့ဆိုအင်းလေ ခု ကိုကြိုးစားပေးနေတာပဲ မတင်လည်းသူတို့သိမှာပါ တဲ့)ဘာမှတော့ ပြန်မပြောတော့ဘူး ကျိတ်တော့ကြွေသွားတာပေါ့ အဲ့လိုမနေတတ်တာကလည်း ကျွန်မ ကြိုက်တဲ့အချက်ပဲလေစကားတွေ ဖောင်ဖွဲ့သိပ်မပြောတတ်ဘူး ဒါပေမယ့် သူချစ်တာ သိတယ်ကတိတွေတောင်းလည်း မပေးဘူး ဒါပေမယ့်မကြိုက်တာဆို မသိမသာလေး ပြင်ပေးတယ် သိသိသာသာပြင်ပေးရတာ ရှက်လို့ ဒါမှမဟုတ် သူပြောနေကျစကား အပျော်လွန်ပြီးသေသွားမှာဆိုးလို့ဖြစ်မယ်။အတိတ်မှာ သူဘယ်လိုလူလဲ မသိဘူး မသိချင်ဘူး သိဖို့လည်းမလိုဘူး။ပစ္စုပ္ပာန်မှာ သားနဲ့ မိန်းမ အတွက် အားထားပြီးချစ်ဖို့ လေးစားဖို့ကောင်းတဲ့ အမျိုးသားတစ်ယောက်အခုထိ တော့ ကျွန်မ သိပ်ကံကောင်းတယ်။ကဲ မနက်ကျ ကို ဒီစာလေးဖတ်ပြီး ပြုံးစေသတည်း
P.Sအပြစ်ပြောစရာ တစ်ကွက်ပဲရှိတယ် (ဂိမ်းတော့ရှယ်ဆော့) အော်…..ဒါလည်းမနက်ပိုင်းလေးပါပဲ ညနေဆို ကလေးကိုထိန်းပေး ဆော့ပေးရှာပါတယ်သားသိတတ်တဲ့အရွယ်ရောက်ရင် ဂိမ်းဖြတ်လိူ့ သားဆိုတာ အဖေကို အတုယူတာလို့ ပြောတော့သားကြီးတာနဲ့ သူဂိမ်းဖြတ်ပါ့မယ်တဲ့ပြောလားဆိုတော့ မပြောဘူးဒါပေမယ့် စိတ်ကသိနေတယ် သူ့သားထက်ဘယ်အရာကိုမှ သူပိုမချစ်ဖူးဆိုတာ ဟုတ်တယ်မလား ယောကျာ်း ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။