သူမလိုပဲ မှန်ကြည့်ရတာ ကြိုက်နှစ်သက်တဲ့ သားလေးရဲ့ချစ်စဖွယ်အပြုအမူလေးကို ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ထားတဲ့ ခိုင်နှင်းဝေ

မိဘမဲ့ကလေးဂေဟာလေးကိုတစ်ဦးတည်းကြိုးစားမှုတွေနဲ့တည်ထောင်ပြီးယခုချိန်မှာ အောင်မြင်နေတာကတော့ ခိုင်နှင်းဝေဖြစ်ပါတယ်။ တစ်ချိန်က နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း အောင်မြင်မှုတွေစွန့်ကာ ပရဟိတအကျိုးအတွက်ဆောင်ရွက်နေတာပါ။ တော်ရုံမလုပ်နိုင်တဲ့အလုပ်မျိုးဖြစ်တာကြောင့်ပရိသတ်တွေချီးကျူးနေရတာပါ။

အစပိုင်းမှာအခက်ခဲတွေများစွာကြုံရပေမယ့်လည်းခုမှာ ရင်သွေးငယ်များဂေဟာကိုပါကြိုးစားပြီးတည်ဆောက်နိုင်ခဲ့တာပါ။ ခုချိန်မှာ သူမွေးစားထားတဲ့ကလေးတွေကိုလည်း အဆင်ပြေပြေထားပြီးစောင့်ရှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေကလည်းသူတို့လေးတွေကိုကြည့်ပြီးချစ်နေရတာပါ။

လူမှုကွန်ရက်ကနေလည်းကလေးတွေနဲ့တစ်နေတာလေးတွေ လာရောက်စွန့်ပစ်ခံရတဲ့ကလေးတွေကိုထိန်းကျောင်းပေးတဲ့ video လေးကိုတင်ထားတာပါ။ ခုမှာလည်း မှန်ကြိုက်တဲ့သားသားလေးရဲ့ video လေးကိုတင်ထားတာပါ။ ပရိသတ်တွေလည်း ကလေးလေးတွေကိုမိဘရင်းခြာတစ်ယောက်လိုချစ်ပေးလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပေးသွားကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *