မင်းသမီးဖြစ်နေပြီး ဝိတ်မထိန်းဘူးလို့ ပြောတဲ့သူတွေကို သူမကြုံခဲ့ရတဲ့အဖြစ်ပျက်တွေနဲ့ ပြန်ပြီးရှင်းပြလိုက်တဲ့ မြတ်သူသူ

MRTV-4ဇာတ်လမ်းလေးကနေ ခုချိန်မှာနိုင်ငံကျော်မင်းသမီးတစ်ယောက်အဖြစ်ရပ်တည်နေနိုင်တာကတော့ မြတ်သူသူပဲဖြစ်ပါတယ်။ အချိန်တိုအတွင်းအောင်မြင်မှုတွေများစွာရရှိခဲ့တာကြောင့် မနာလိုသူတွေရဲ့တိုက်ခိုက်ခြင်းကိုအမြဲခံနေရတာပါ။ ဒါမယ့်လည်း ဂရုမစိုက်ပဲရင်ဆိုင်ရင်းကြိုးစားနေတာပါ။

လူမှုကွန်ရက်လေးမှာပုံရိပ်လေးတွေအမြဲတင်ပေးလေ့ရှိပြီးအမြဲချစ်နေရတာပါ။ ခုမှာလည်း သူမကိုဝတယ်ပြောတဲ့သူတွေကို သူမကြုံခဲ့ရတဲ့အဖြစ်ပျက်တွေနဲ့ပြန်ပြီးရှင်းပြလိုက်တာဖြစ်ပါတယ်။ စိတ်ထဲပြောပြချင်တာလေးရှိလို့ ဒီပိုစ့်လေးတခုတင်ပါရစေနော် ဘဝတူလေးတွေရှိရင် စိတ်ကြိုက် Share လို့ရပါတယ် ။မြတ်သူကိုတွေ့ရင် အမအရမ်းဝလာတာပဲ ဒီအတိုင်းနေတော့မှာလားတို့ ဘယ်လိုပုံကြီးဖြစ်သွားတာလဲတို့ အရင်ကပိန်တယ်နော် စသည်ဖြင့်အမျိုးမျိုးသော အားပေးကဲ့ရဲ့စကားပေါင်းစုံအတွက် နောက်လမှာ ဝိတ်ပြန်ချပြပါမယ်။

မြတ်သူအခု ဝလာပါတယ် မှန်ပါတယ်။ ဘဝမှာ အခုအသက်အရွယ်ထိ အဝဆုံးကာလတွေလို့ပြောလို့ရပါတယ်။အရင်က ပေါင်ချိန် (၁၂၀) က အလွန်ဆုံးပေမယ့် အခု ပေါင်ချိန် (၁၄၅) ရှိပါတယ်မြတ်သူကရော အနုပညာအလုပ်လုပ်နေတဲ့သူတယောက်ဖြစ်နေရက်နဲ့ ဒီလောက်ဝလာတာကို လိုချင်နေပါ့မလားဘာလို့ခုလောက်ထိ ဝသွားလဲ အဖြေကို အရင်ကမရှင်းပြချင်ခဲ့လို့ ဝလာတယ်ပြောရင် စိတ်ချမ်းသာလာလို့ပဲ ရီမောပြီးဖြေခဲ့ပါတယ် ရင်ထဲမှာ ခံစားရတာတော့အမှန်ပေါ့လေ။ဒီနှစ်ထဲမှာ မြတ်သူတို့မိန်းကလေးသဘာဝဓမ္မတာလာတဲ့ကိစ္စတွေကို သတိမထားပဲ ခေါင်းလျှော်တာမျိုးတွေကို နှစ်ချီလုပ်ခဲ့မိလို့ သွေးလုံးတည်ပြီး ခွဲစိပ်မှုလုပ်ခဲ့ရပါတယ်။ကိုဗစ်ကာလအတွင်းဆေးရုံတက်ခဲ့ရတာမို့ ကိုယ်ခံအားနည်းမှာကြောက်လို့ အစားလည်းမရှောင်ခဲ့ရပါဘူး ဒါပေမယ့် အခုထိ ထမင်းအစားထိုးပြီး ဝဥကြာဆံပဲစားနေတာပါ။ဗိုက်နဲ့ချက်မှာ အပေါက်ဖောက်ပြီး ခွဲစိတ်မှုလုပ်ထားရတာမို့ လေ့ကျင့်ခန်းလည်းလုပ်လို့မရပါဘူး။ဒီကြားထဲ သွေးလုံးတည်နေတာက ပေါက်သွားလို့ ရှင်းထုတ်ထားပေမယ့် သားအိမ်နံရံမှာ Spot တွေ ဆက်ရှိနေလို့ ဟော်မုန်းဆေးတွေ သွင်းရပါတယ် ။ဒီအတွက် ဘဝမှာ တခါမှမရောက်ဖူးတဲ့ပေါင်ချိန်အထိရောက်ခဲ့တာပါ ဒါ အရမ်းများထူးဆန်းသွားလို့လားတချို့အမျိုးသမီးတွေဆိုလည်း သူတို့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဘယ်လောက်ဝိတ်ချချ မကျတဲ့သူမျိုးတွေရှိကြပါတယ် ဒါ လှောင်စရာလားရှင် လူတယောက်က ဝတာ ပိန်တာထက် ကျန်းမာဖို့ စိတ်ချမ်းသာဖို့က အဓိကလို့ပဲ မြတ်သူမြင်ပါတယ်။ကိုယ်ကတော့ အလွယ်ပြောလိုက် ကဲ့ရဲ့လိုက်ပေမယ့် ပြောခံရသူနေရာမှာ ဘယ်လိုခံစားရမလဲ ကိုယ်ချင်းစာပေးတတ်ကြရင် သိပ်ကောင်းမှာပဲ။မြတ်သူလည်း နယ်ရောက်နေလို့ ဝိတ်ချဖို့အတွက် မပြင်ဆင်ဖြစ်သေးတာပါ ချစ်လို့ပြောကြတဲ့သူတွေအတွက်လည်း မကြာခင် ရန်ကုန်ပြန်ရောက်တာနဲ့ ဝိတ်ပြန်ချပေးမှာပါ ကဲ့ရဲ့တဲ့သူတွေအတွက်လည်း ကျေးဇူးပါပဲ လူတယောက်ရဲ့ဖြစ်တည်မှု ပိန်တာဝတာထက် လူ့ပတ်ဝန်းကျင်အတွက် အကျိုးမရှိတဲ့သူ မဖြစ်ရင် တော်ပါပြီ ပိန်ပိန်ဝဝ စိတ်ချမ်းသာဖို့အဓိကပါ ကောင်မလေးတို့ရေ ဆိုပြီးရှင်းပြခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.