သူမရဲ့ဘဝမှာ အရမ်းကို မွေးချင်တဲ့ ထူးဆန်းတတိရိစ္ဆာန်တစ်ကောင်ရဲ့အမည်ကို ထုတ်ဖော်ပြောပြလိုက်တဲ့ နှိုင်းရှင်မြင့်မိုရ်

ပရိသတ်ကြီးရေ ဇာတ်ပို့ သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိနေတဲ့သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ကတော့ လက်ရှိမှာ Live Sale Queen အဖြစ် နာမည်ကြီးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အောင်မြင်ကျော်ကြားမှုတွေ ရရှိနေတာကြောင့် ဝေဖန်တိုက်ခိုက်မှုတွေ များစွာနဲ့လည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေနဲ့ ကြုံတဲ့အခါမှာလည်း ပြန်လည်ဖြေရှင်းခြင်းမရှိဘဲ မသိသလိုသာ နေခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့လှုပ်ရှားမှုတွေတိုင်းကို စိတ်ဝင်စားကြတဲ့ပရိသတ်တွေအတွက် လူမှုကွန်ရက်များမှတစ်ဆင့် အမြဲလိုလို ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က နှိုင်းရှင်မြင့်မိုရ်ရဲ့Facebook အကောင့်တွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ဘဝမှာ အရမ်းကို မွေးချင်တဲ့ ထူးဆန်းတတိရိစ္ဆာန်တစ်ကောင်ရဲ့အမည်ကို ထုတ်ဖော်ပြောပြလိုက်တာ ဖြစ်ပါတယ်။

” ငယ်ငယ်လေးထဲက သူများတွေကခွေးမွေးချင်တယ် ကြောင်မွေးချင်တယ် ငါးမွေးချင်တယ် ဌက်လေးတွေမွေးချင်ကြတယ်….ငါ့ကျ တစ်မျိုးငယ်ငယ်ထဲက ခုချိန်ထိမျောက် ပဲမွေးချင်တာ😁😁😁ပျင်းရင် သူ့အိုက်တင်တွေထိုင်ကြည့်ချင်လို့😁😁😁သူများတွေက ပြောတယ်….မမွေးကောင်းဘူးတဲ့…မျောက်ကုတ်ရင် နူတတ်တယ်တဲ့😱ဟုတ်လားဟင်????Edit 😁😁😁နောက်နေ့ကျ ‌စောင့်ကြည့်နေကြမျောက် မွေးချင်နေတဲ့ ကျွန်မဆိုပီး တက်လာမယ် Page တွေမှာ😂😂😂” ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *