ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်ရအောင် ဖန်တီးပေးနေသူတွေကတော့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လက်ရှိတွင် အနုပညာလောက ကနေ အပြီးတိုင်အနားယူပြီး အခြားစီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိနေကြတာ ဖြစ်ပါတယ်။ သူတို့ကို ချစ်တဲ့ ပရိသတ်တွေအတွက်တော့ လှုပ်ရှားမှုလေးတွေ အမြဲတင်ဆက်ပေးနေကြပါ။
သူတို့ရဲ့ဟာသဗီဒီယိုလေးတွေကလည်း ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတာ ဖြစ်ပါတယ်။ စိန်ဖြိုးနဲ့ရီတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း အမြဲလိုလို စောင့်ကြည့်အားပေးနေကြသူများရှိရာ မကြာသေးခင်ကလည်း သူတို့ရဲ့ Facebook Page တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ သူတို့နှစ်ယောက်ကို အမြဲရယ်နေတယ်လို့ ပြောနေသူတွေကို နည်းပညာတစ်ခု အသုံးချပြီး ပညာပြလိုက်တဲ့ စိန်ဖြိုးလှိုင်တို့ဇနီးမောင်နှံရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ လတ်တလော နာမည်ကြီးနေသော ငိုမဲ့မဲ့ဖြစ်နေတဲ့ effect လေးဖြင့် ဆော့ကစားထားကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။