Myanmar Idolကနေပြီးတော့ပရိသတ်တွေသတိထားမိလာတာကတော့ ရဲနောင်ပဲဖြစ်ပါတယ်။ သူဟာအစပိုင်းမှာဝေဖန်မှုတွေတော်တော်များများခံခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာမှ ပရိသတ်တွေလက်ခံလာကာအောင်မြင်လာတာပါ။
ဂီတကို မြတ်နိုးပြီး သီချင်းတွေအတွက်အမြဲကြိုးစားနေသူတစ်ယောက်ပါ။ ဒါကြောင့်လည်းပရိသတ်အားပေးမှုတွေများစွာရရှိကာအောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်။ ခုမှာတော့သူဟာချစ်ရတဲ့ချစ်သူလေးနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့လက်ထပ်ပွဲလေးကိုတော့မူဆယ်မြို့မှာကျင်းပခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက Pre Weeding ပုံရိပ်တွေ လက်မှတ်ထိုးပွဲပုံရိပ်တွေကပရိသတ်တွေကြားမှာရေပန်းစားခဲ့တာပါ။ အခုမှာလည်းမဂ်လာပွဲလေးမှာနှစ်ယောက်ဘယ်လိုတောင်လိုက်ဖက်ညီပြီးလှနေလဲဆိုတာအောက်ကပုံရိပ်လေးတွေကိုကြည့််ပြီးချစ်ပေးကြပါဦးနော်။