ပရိသတ်တွေအားကျရတဲ့အတွဲလေးဖြစ်တဲ့ Mikis Weber နဲ့စုစုဝေတို့ကတော့ ခုမှာ သားဦးလေးကိုပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေးဖြစ်တာကြောင့်လည်း ချစ်မဝဖြစ်နေကြတာပါ။ သားလေးမမွေးဖွားချိန်ကတည်းက သူတို့နှစ်ယောက်ဟာရင်ခုန်စိတ်လှုပ်ရှားနေကြတာပါ။
ခုမွေးဖွားပြီးချိန်မှာလည်း သားလေးကိုချစ်မဝဖြစ်နေရတာပါ။ သားလေးရဲ့ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်ကနေပရိသတ်တွေအတွက်တင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်းသားလေးရဲ့ပုံရိပ်တွေ အမေဖြစ်သူရဲ့ ပီတိလေးတွေကိုကြည့်ပြီးကြည်နူးနေရတာပါ။
ခုမှာလည်း သားလေးကိုဘယ်လောက်ချစ်လဲဆိုတဲ့ခံစားချက်လေးကိုပြောပြထားတာပါ။ တစ်နေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့် နှာဖူးကခြေဖျားထိအောင်ချစ်တယ် သားသမီးရလာမှမိဘတိုင်းခံစားရတဲ့အချစ်မျိုးဆိုပြီးပြောပြခဲ့တာပါ။ သားလေးကိုဘယ်လောက်တောင်တစိမ့်စိမ့်နဲ့ချစ်မဝဖြစ်နေလဲဆိုတာကတော့အောက်ကပုံရိပ်လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။