တစ်သက်မှာ တစ်ခါပဲ ချစ်ခဲ့ဖူးတဲ့ ချစ်သူလေးကို အခွီဗီဒီယိုလေး ပြုလုပ်ပြီး စနောက်ကျီစယ်နေတဲ့ ဆိုဖီယာ

Myanmar Idol ပြိုင်ပွဲကနေပရိသတ်တွေအားပေးမှုကိုရရှိကာအောင်မြင်လာတာကတော့ ဆိုဖီယာပဲဖြစ်ပါတယ်။ သူမရဲ့အမိုက်စားအသံတွေကြောင့်ပဲ ပရိသတ်တွေအားပေးမှုရရှိနေတာပါ။ MTVတိုင်းဟာလည်း ထူးခြားတဲ့ရိုက်ကူးပုံရိပ်တွေကြောင့် ပရိသတ်တွေကြားသူ့သီချင်းထွက်တိုင်းရေပန်းစားနေတာပါ။

ခုနောက်ပိုင်းမှာတော့သူမဟာ အနုပညာအလုပ်တွေနဲ့ဝေးကွာသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒူဘိုင်းမှာနေထိုင်နေတာပါ။ လူမှုကွန်ရက်ကနေပုံရိပ်လေးတွေတင်ပေးလေ့ရှိတာကြောင့်လည်းပရိသတ်တွေနဲ့မပြတ်ပဲရှိနေရတာပါ။

သူမဟာ ပျော်ရွှင်စရာကောင်းတဲ့ relationship လေးကိုလည်းပိုင်ဆိုင်ထားတာပါ။ သူမရဲ့ချစ်သူလေးကိုစနောက်နေတဲ့video လေးတွေလည်းတင်ပေးလေ့ရှိတာပါ။ ခုမှာလည်း ချစ်သူလေးနဲ့တူတူ ဆော့ထားတဲ့Tiktok video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.