ရွှေမှုန်ဆိုတာနဲ့ ပရိသတ်တွေဝိုင်းချစ်နေရတဲ့မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေများစွာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်တွေအားကျရတဲ့ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကိုလည်းပိုင်ဆိုင်ထားတာပါ။
ရွှေမှုန်ရတီဟာ သူမှာနောက်ထပ်ချစ်ရတဲ့ ညီမလေးလည်းရှိပါသေးတယ်။ သူမကတော့ပရိသတ်တွေနဲ့မစိမ်းတဲ့ ငွေမှုန်ရတီပဲဖြစ်ပါတယ်။ သူမကတော့အနုပညာအလုပ်တွေသိပ်မလုပ်ပေမယ့် တစ်ခါတရံသီချင်းလေးတွေဆိုနေတာပါ။
သူ့အသံကြောင့်လည်းပရိသတ်တွေအားပေးနေရတာဖြစ်ပါတယ်။ ညီမနှစ်ယောက်ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးလေ့ရှိပြီး ခုမှာလည်းအမဖြစ်သူကိုမွေးနေ့ဆုတောင်ပေးထားတာပါ။ သူတို့နှစ်ယောက်လေဆိပ်မှာရိုက်ထားတဲ့ပုံလေးနဲ့wishလုပ်ထားတာဖြစ်ပြီး ပရိသတ်တွေလည်းဆုတောင်းစကားလေးတွေပြောပေးကြပါဦးနော်။