တစ်ချိန်ကမြန်မာနိုင်ငံမှာပရိသတ်အားပေးမှုတွေနဲ့ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ခဲ့တာကတော့ သရုပ်ဆောင်နေတိုးဖြစ်ပါတယ်။ လူငယ်လူရွယ်မရွေး ယောက်ျားလေးပရိသတ်တွေပါအားပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်းအအောင်မြင်ဆုံးအဖြစ်ရပ်တည်နေတာပါ။
ဒါမယ့်နိုင်ငံရေးအခြေနေတွေမတည်ငြိမ်ဖြစ်ပြီးနောက်ပိုင်းမှာတော့သူ့ကိုဝေဖန်သူတွေများလာခဲ့တာပါ။ ဒါကြောင့်လည်းအားပေးသူပရိသတ်တွေသိသိသာသာကိုကျဆင်းခဲ့တာပါ။ မကြာသေးခင်ကလည်း သူချစ်တဲ့ချစ်သူနဲ့လက််ထပ်ခဲ့ပြီး လူမှုကွန်ရက်မှာလူပြောများခဲ့တာပါ။
သူဟာပရိသတ်ရှေ့ကနေအချိန်တော်ကြာပျောက်သွားခဲ့တာပါ။ ခုမှာတော့သူ့ရဲ့လူမှုကွန်ရက်ကနေပြီးတော့ ဒီနေ့ပြုလုပ်သောဒါနကုသိုလ်အမျှပေးဝေပါသည်ဆိုပြီးတစ်သောင်းတန်အုပ်လိုက်ပုံလေးတင်ထားတာပါ။ ချစ်နေသေးတဲ့ပရိသတ်တွေလည်းသူ့ရဲ့အလှူလေးကိုသာဓုခေါ်နိုင်ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။