ပရိသတ်အချစ်တော်သင်ဇာဝင့်ကျော်ကတော့ခုမှာပိုမိုပျော်ရွှင်စရာကောင်းတဲ့အချိန်တွေဖြတ်သန်းနေတာပါ။ ချစ်သူလေးနဲ့တူတူခရီးတွေသွားပြီး ဘဝကိုဖြတ်သန်းနေတာပါ။ ပရိသတ်တွေကလည်းသူတို့ပုံရိပ်လေးတွေကြည့်ပြီးကြည်နူးနေရတာပါ။
သူတို့နှစ်ယောက်ဟာ မကြာခင်ကမှပရိသတ်ရှေ့ထွက်ပြခဲ့ပေမယ့် ချစ်သူသက်တမ်းကတော့၂နှစ်ကျော်ပြီဖြစ်ပါတယ်။ အဲ့တာလေးကိုကြားချင်းမှာပဲပရိသတ်တွေအံသြခဲ့ရတာပါ။ သူမဟာချစ်သူလေးနဲ့ပျော်ရွှင်စရာအချိန်တွေဖြတ်သန်းနေပေမယ့်လည်း အလုပ်တွေလည်းလုပ်နေတာပါ။
ကြော်ငြာလေးတွေကိုလည်းအမြဲမပြတ်ရိုက်ကူးပေးနေရတာပါ။ အခုမှာတော့သူမတင်မဟုတ်ပဲ ချစ်သူနဲ့ပါကြော်ငြာလေးတွေတူတူရိုက်ကူးနေရတာပါ။ ပရိသတ်တွေလည်းရိုက်ကွင်းပေါ်ကသူတို့နှစ်ယောက်ရဲ့video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။