သူမအား စိုးရိမ်နေကြတဲ့ ပရိသတ် ကြီးအတွက် ဘေးကင်းလုံခြုံ တဲ့နေရာသို့ ရောက်ရှိပြီ ဖြစ်ကြောင်း ပြောပြလာတဲ့ ပိုပို
အဆိုတော် ပိုပို ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ် နေတဲ့ လူထုလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ အားကြိုးမာန်တက် ပါဝင်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေနဲ့အတူ တစ်သား တည်း ရပ်တည်ပေးတဲ့အတွက်လည်း ပရိသတ်တွေက လေးစားနေကြတာပါ။
လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ပြသရုံတင်မကဘဲ လူမှုကွန်ယက်မှ တစ်ဆင့်လည်း အဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအတွက် speak out လုပ်ပေးနေသူလည်း ဖြစ်ပါတယ်။လတ်တလောမှာ ဖြစ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ခေတ္တခဏ တိမ်းရှောင်နေရတဲ့ အတွက်လည်း ပရိသတ်တွေက စိုးရိမ်နေကြတာပါ။
သူမအား စိတ်ပူနေကြသူများအတွက် မကြာသေးခင် နာရီပိုင်းလောက်က ပိုပိုရဲ့Facebook Story တွင် ဘေးကင်းလုံခြုံ တဲ့ နေရာတွင် ရှိနေကြောင်း ဗီဒီယိုဖိုင် တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။သူမကလည်း ” မတရားမှုကို အဆုံးထိ တွန်းလှန်ရမှာ ငါတို့အလုပ် #အရေးတော်ပုံအောင်ရမည်
#popo #ပိုပို ” နဲ့ ” နယ်ဝေးတစ်နေရာ ရောက်သွားပါပြီ စိတ်ပူပေးကြလို့ အားလုံးကို ကျေးဇူးပါ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ စိတ်ပူတာတွေ လျော့ကျသွားစေရန် ပိုပိုရဲ့ ဗီဒီယိုဖိုင် လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေး လိုက် ရပါတယ်နော်။
Zawgyi
သူမအား စိုးရိမ္ေနၾကတဲ့ ပရိသတ္ ႀကီးအတြက္ ေဘးကင္းလုံၿခဳံ တဲ့ေနရာသို႔ ေရာက္ရွိၿပီ ျဖစ္ေၾကာင္း ေျပာျပလာတဲ့ပိုပို
အဆိုေတာ္ ပိုပို ကေတာ့ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚ ေနတဲ့ လူထုလႈပ္ရွားမႈမွာ ျပည္သူေတြနဲ႔အတူ အားႀကိဳးမာန္တက္ ပါဝင္ခဲ့သူတစ္ဦးပဲ ျဖစ္ပါတယ္။ အေရးႀကဳံတဲ့ အခါတိုင္း ျပည္သူေတြနဲ႔အတူ တစ္သား တည္း ရပ္တည္ေပးတဲ့အတြက္လည္း ပရိသတ္ေတြက ေလးစားေနၾကတာပါ။
လမ္းေပၚထြက္ကာ ရင္ထဲက ဆႏၵေတြကို ထုတ္ေဖာ္ျပသ႐ုံတင္မကဘဲ လူမႈကြန္ယက္မွ တစ္ဆင့္လည္း အဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေတြအတြက္ speak out လုပ္ေပးေနသူလည္း ျဖစ္ပါတယ္။လတ္တေလာမွာ ျဖစ္ေနတဲ့ အေျခအေန အရပ္ရပ္ေၾကာင့္ ေခတၱခဏ တိမ္းေရွာင္ေနရတဲ့ အတြက္လည္း ပရိသတ္ေတြက စိုးရိမ္ေနၾကတာပါ။
သူမအား စိတ္ပူေနၾကသူမ်ားအတြက္ မၾကာေသးခင္ နာရီပိုင္းေလာက္က ပိုပိုရဲ႕Facebook Story တြင္ ေဘးကင္းလုံၿခဳံ တဲ့ ေနရာတြင္ ရွိေနေၾကာင္း ဗီဒီယိုဖိုင္ တစ္ခု တင္ထားတာပဲ ျဖစ္ပါတယ္။သူမကလည္း ” မတရားမႈကို အဆုံးထိ တြန္းလွန္ရမွာ ငါတို႔အလုပ္ #အေရးေတာ္ပုံေအာင္ရမည္
#popo #ပိုပို ” နဲ႔ ” နယ္ေဝးတစ္ေနရာ ေရာက္သြားပါၿပီ စိတ္ပူေပးၾကလို႔ အားလုံးကို ေက်းဇူးပါ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြ စိတ္ပူတာေတြ ေလ်ာ့က်သြားေစရန္ ပိုပိုရဲ႕ ဗီဒီယိုဖိုင္ ေလးကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပး လိုက္ ရပါတယ္ေနာ္။