လက်ရှိမှာ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို ခင်ပွန်းနဲ့တူတူဖြတ်သန်းနေတာကတော့ အဆိုတော်အိမ့်ချစ်ပဲဖြစ်ပါတယ်။ သူမကတော့နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်အချစ်တွေလည်း သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း ပရိသတ်က ပိုချစ်နေရတာပါ။
ခင်ပွန်းရဲ့အချစ်တွေကြောင့်လည်း သူမကို အားကျနေရတာ ဖြစ်ပါတယ်။ သူမဟာ သူတို့ရဲ့ပထမဆုံးသော ရင်သွေးလေးကိုလည်း လွယ်ထားရတာဖြစ်ပါတယ်။ နှစ်ယောက်လုံးကလည်းရင်သွေးလေးအတွက် စိတ်လှုပ်ရှားနေကြတာပါ။
ရင်သွေးလေးကို လွယ်ထားရတာကြောင့် စိတ်ချမ်းသာစရာတွေနဲ့ပဲဖြတ်သန်းနေတာပါ။ အခုမှာလည်း မမဗိုက်တစ်ယောက် ရေကန်လေးမှာ ရေစိမ်နေတာဖြစ်ပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့မမဗိုက်ရဲ့video လေးကိုကြည့်ပြီး ပရိသတ်တွေလည်း ချစ်ပေးကြပါဦးနော်။