(၈) လကျော်ပြီဖြစ်တဲ့ လုံးလုံးလေးနဲ့ ချစ်စရာကောင်းနေတဲ့ သူမရဲ့ဗိုက်အခြေအနေလေးကို အားလုံးသိအောင် ထုတ်ပြလိုက်တဲ့ ဘေဘီမောင်

အလုပ်တွေမှာလည်းအောင်မြင်မှုတွေရ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားတာကတော့ ဘေဘီမောင်ပဲဖြစ်ပါတယ်။ Liveလေးတွေလွှင့်စျေးရောင်းရင်းပရိသတ်တွေရဲ့အချစ်တွေပါသိမ်းပိုက်ထားတာပါ။ ကိုယ်ဝန်ဆောင်ထားရပေမယ့် အလုပ်တွေကလည်းနားမရအောင်လိုလက်မလည်ဖြစ်နေတာပါ။

သူတို့မိသားစုရဲ့သမီးဦးလေးကလည်းမကြာမှာသူတို့မိသားစုဘဝလေးထဲဝင်ရောက်လာတော့မှာပါ။ မိန်းမဖြစ်စေချင်တာတွေကိုအမြဲဖြည့်စည်းပေးတဲ့ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတာကြောင့်လည်းအမြဲပျော်ရွှင်နေရတာပါ။ ပရိသတ်တွေအတွက်လည်း မမဗိုက်ရဲ့ပုံရိပ်လေးတွေကိုလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိတာပါ။

သူတို့ရဲ့ပထမဆုံးရင်သွေးလေးဖြစ်တာကြောင့်ပိုပြီးစိတ်လှုပ်ရှားနေရတာပါ။ ယခုမှာလည်း သူမခံစားချက်လေးကိုလူမှုကွန်ရက်ကနေပြောပြခဲ့တာပါ။ ကျွန်မတို့မိသားစုရဲ့အဖိုးမဖြတ်နိုင်တဲ့သမီးရတနာလေး၈လပိုင်းဆိုရောက်လာတော့မယ်ဖေဖေဂန်းကြီးအရမ်းပျော် မေကြီးကလည်းပီတိဖြစ်ဒီမေမေဘေဘီကတော့ ပျော်ရွှင်ကြည်နူးမဆုံးအစစအရာရာအဆင်ပြေအောင်ဖန်တီးပေးတဲ့လောကကြီးကိုကျေးဇူးတင်လိုက်တာအေးချမ်းတဲ့မိသားစုလေးဖန်တီးပေးတဲ့လောကကြီးရေဆိုပြီးပီတိတွေဖြစ်နေရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *