မွေးကင်းစကနေ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့ သမီးနှစ်ယောက်ရဲ့ချစ်စဖွယ်ပုံစံလေးတွေကို ဗီဒီယိုလေးပြုလုပ်ထားတဲ့ ချစ်သုဝေ

ယခုနွေဦးတော်လှန်ရေးမှာ မိသားစုလိုက်ပါဝင်တော်လှန်နေတာကတော့ ချစ်သုဝေနဲ့လင်းလင်းတို့မိသားစုလေးဖြစ်ပါတယ်။ အာဏာစသိမ်းချိန်ကတည်းက ယနေ့ချိန်ထိတော်လှန်နေတာပါ။ သူတို့မိသားစုလေးကိုဖမ်းဝရမ်းထုတ်ခံရပြီး အခုလွတ်မြောက်နယ်မြေတစ်ခုမှာရောက်ရှိနေတာပါ။

အခက်ခဲတွေများစွာကြုံရပေမယ့်လည်း အံတုရင်းရင်ဆိုင်နေတာဖြစ်ပါတယ်။ ပရိသတ်အချစ်တော်ဖြစ်တဲ့ ခေတ်နဲ့သစ်လည်း မိဘတွေနဲ့တူတူပုန်းရှောင်နေရတာပါ။ သမီးလေးတွေဟာ အနာဂတ်တွေများကြီးရှိသေးပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ခုလိုဒုက္ခတွေခံနေရတာပါ။

ဖေဖေမေမေတို့ရဲ့ သွန်သင်ဆုံးမမှုတွေကြောင့် သမီးနှစ်ယောက်ဟာလိမ္မာပြီးချစ်နေရတာပါ။ ပရိသတ်တွေကလည်း သမီးလေးတွေကိုလွမ်းနေတာဖြစ်ပါတယ်။ အခုမှာလည်းချစ်သုတွေဟာ သမီးလေးတွေငယ်စဥ်ကနေ တဖြည်းဖြည်းအရွယ်ရောက်လာပုံလေးကိုvideo တင်ထားတာပါ။ ပရိသတ်တွေလည်းမလွမ်းပြေကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *