ပိုင်ဖြိုးသုဆိုတာနဲ့ လူကြီးလူငယ်မရွေးပရိသတ်အားပေးမှုတွေရရှိထားကာအောင်မြင်နေသူတစ်ယောက်ပါ။ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုတွေများစွာသိမ်းပိုက်ထားတာပါ။ ခုမှာတော့သူမဟာပရိသတ်တွေနဲ့ဝေးကွာနေခဲ့တာပါ။
မတရားမှုကိုလက်မခံပဲ စည်းစိမ်အောင်မြင်မှုတွေကိုတောင်ထားခဲ့ပြီးအမှန်တရားအတွက်တိုက်ပွဲဝင်နေတာပါ။ ပင်ပန်းဆင်းရဲမှုတွေရှိပေမယ့်လည်း တော်လှန်နေကြတာဖြစ်ပါတယ်။ ပရိသတ်တွေနဲ့အရင်လိုမတွေ့ရပေမယ့််လည်း ပိုချစ်ပြီး စိတ်ပးနေကြတာပါ။
တစ်ခါတစ်လေလူမှုကွန်ရက်ကနေတော့တော်လှန်ရေးနဲ့ပတ်သက်တာလေးတွေ သူမရဲ့နေ့စဥ်လှုပ်ရှားမှုလေးတွေကိုတင်ပေးလေ့ရှိတာပါ။ ခုမှာလည်းသူမဟာအားလပ်ချိန်လေးမှာချည်လေးထိုးနေတာဖြစ်ပါတယ်။ သေသေချာချာကြိုးစားပြီးထိုးနေတဲ့ချစ်စရာvideoလေးကိုလည်းပရိသတ်တွေအတွက်အလွမ်းပြေတင်ဆက်ပေးလိုက်ရပါတယ်။