အသားအရေလေး အေးမြပြီး ကြည်လင်ဝင်းပချင်သူများအတွက် သခွားသီးပေါင်းတင်နည်းများ
နွေရာသီမှာ အသားအရေလေး အေးမြပြီး ကြည်လင်ဝင်းပချင်သူများအတွက် သခွားသီးပေါင်းတင်နည်းများ
အသုပ် သုပ်ရာမှာ အများဆုံးအသုံးပြုလေ့ရှိတဲ့ သခွားသီးက မျက်နှာအသားအရေကို အေးမြစေဖို့အတွက် ကူညီပေးတာကြောင့် နွေရာသီးမှာ အသုံးပြုသင့်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ သခွားသီးက ဈေးသက်သာပြီး ဝယ်ယူရလွယ်ကူတဲ့အပြင် အသားအရေအတွက်လည်း ကောင်းကျိုးအများအပြား ဆောင်ကျဉ်းပေးနိုင်ပါတယ်။
နွေရာသီမှာ အသားအရေလေး အေးမြပြီး ကြည်လင်ဝင်းပချင်သူများအတွက် သခွားသီးဖြင့် ပေါင်းတင်နည်းများကို ဝေမျှပေးလိုက်ရပါတယ်။
သခွားသီးနှင့် ရှားစောင်းလက်ပတ် ပေါင်းတင်နည်း
ရှားစောင်းလက်ပတ် ဂျယ်လ် (သို့) အရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို သခွားသီး တစ်လုံးရဲ့ ၄ ပုံ ၁ ပုံဖြင့် ရောနှောလိုက်ပါ။ သခွားသီးနဲ့ ရှားစောင်းလက်ပတ်ကို မရောနှောခင်မှာ အရင်ဦးဆုံး သခွားသီးကို ချေမွပေးလိုက်ပါ။
ရရှိလာတဲ့အရောအနှောကို မျက်နှာနှင့် လည်ပင်းအနှံ့ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေနွေးနေဒွီးဖြင့် ဆေးကြောလိုက်ပါ။ တစ်ပတ်နှစ်ကြိမ်ခန့် ပေါင်းတင်ပေးပါက အသားအရေးလေး ကြည်လင်ပြီး Glow လာပါလိမ့်မယ်။
ခရမ်းချဉ်သီးနှင့် သခွားသီး ပေါင်းတင်နည်း
သခွားသီး တစ်လုံး၏ ၄ ပုံ ၁ ပုံကို ခရမ်းချဉ်သီးမှည့်တစ်ခြမ်းဖြင့် ရောနှောကာ ဖျော်စက်ထဲ ထည့်ဖျော်လိုက်ပါ။ ရရှိလာတဲ့အနှစ်ကို မျက်နှာနှင့် လည်ပင်းအနှံ့ သုတ်လိမ်းပြီး တစ်မိနစ် (သို့) နှစ်မိနစ်ခန့် စက်ဝိုင်းပုံသဏ္ဍာန် နှပ်နယ်ပေးပါ။
၁၅ မိနစ်ကြာမှ ရေအေးအေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းကတော့ အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။
သခွားသီးနှင့် အာလူးပေါင်းတင်နည်း
သခွားသီးအရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် အာလူးအရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဝါဂွမ်းစကို ထိုအရည်ထဲ ထည့်နှစ်ကာ မျက်နှာအနှံ့ သုတ်လိမ်းပေးလိုက်ပါ။
၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းကတော့ အမဲစက်များကို ဖယ်ရှားပေးပြီး အသားအရေ ညီညာအောင် ကူညီပေးပါလိမ့်မယ်။
Zawgyi
အသားအေရေလး ေအးျမၿပီး ၾကည္လင္ဝင္းပခ်င္သူမ်ားအတြက္ သခြားသီးေပါင္းတင္နည္းမ်ား
ေႏြရာသီမွာ အသားအေရေလး ေအးျမၿပီး ၾကည္လင္ဝင္းပခ်င္သူမ်ားအတြက္ သခြားသီးေပါင္းတင္နည္းမ်ား
အသုပ္ သုပ္ရာမွာ အမ်ားဆုံးအသုံးျပဳေလ့ရွိတဲ့ သခြားသီးက မ်က္ႏွာအသားအေရကို ေအးျမေစဖို႔အတြက္ ကူညီေပးတာေၾကာင့္ ေႏြရာသီးမွာ အသုံးျပဳသင့္တဲ့ သစ္သီးတစ္မ်ိဳးပဲျဖစ္ပါတယ္။ သခြားသီးက ေဈးသက္သာၿပီး ဝယ္ယူရလြယ္ကူတဲ့အျပင္ အသားအေရအတြက္လည္း ေကာင္းက်ိဳးအမ်ားအျပား ေဆာင္က်ဥ္းေပးႏိုင္ပါတယ္။
ေႏြရာသီမွာ အသားအေရေလး ေအးျမၿပီး ၾကည္လင္ဝင္းပခ်င္သူမ်ားအတြက္ သခြားသီးျဖင့္ ေပါင္းတင္နည္းမ်ားကို ေဝမွ်ေပးလိုက္ရပါတယ္။
သခြားသီးႏွင့္ ရွားေစာင္းလက္ပတ္ ေပါင္းတင္နည္း
ရွားေစာင္းလက္ပတ္ ဂ်ယ္လ္ (သို႔) အရည္ စားပြဲတင္ဇြန္း ၁ ဇြန္းကို သခြားသီး တစ္လုံးရဲ႕ ၄ ပုံ ၁ ပုံျဖင့္ ေရာေႏွာလိုက္ပါ။ သခြားသီးနဲ႔ ရွားေစာင္းလက္ပတ္ကို မေရာေႏွာခင္မွာ အရင္ဦးဆုံး သခြားသီးကို ေခ်မြေပးလိုက္ပါ။
ရရွိလာတဲ့အေရာအေႏွာကို မ်က္ႏွာႏွင့္ လည္ပင္းအႏွံ႔ သုတ္လိမ္းေပးလိုက္ပါ။ ၁၅ မိနစ္ခန႔္ၾကာမွ ေရေႏြးေနဒြီးျဖင့္ ေဆးေၾကာလိုက္ပါ။ တစ္ပတ္ႏွစ္ႀကိမ္ခန႔္ ေပါင္းတင္ေပးပါက အသားအေရးေလး ၾကည္လင္ၿပီး Glow လာပါလိမ့္မယ္။
ခရမ္းခ်ဥ္သီးႏွင့္ သခြားသီး ေပါင္းတင္နည္း
သခြားသီး တစ္လုံး၏ ၄ ပုံ ၁ ပုံကို ခရမ္းခ်ဥ္သီးမွည့္တစ္ျခမ္းျဖင့္ ေရာေႏွာကာ ေဖ်ာ္စက္ထဲ ထည့္ေဖ်ာ္လိုက္ပါ။ ရရွိလာတဲ့အႏွစ္ကို မ်က္ႏွာႏွင့္ လည္ပင္းအႏွံ႔ သုတ္လိမ္းၿပီး တစ္မိနစ္ (သို႔) ႏွစ္မိနစ္ခန႔္ စက္ဝိုင္းပုံသ႑ာန္ ႏွပ္နယ္ေပးပါ။
၁၅ မိနစ္ၾကာမွ ေရေအးေအးျဖင့္ မ်က္ႏွာသစ္ေပးလိုက္ပါ။ ဒီေပါင္းတင္နည္းကေတာ့ အသားအေရကို ၾကည္လင္ဝင္းပေစပါတယ္။
သခြားသီးႏွင့္ အာလူးေပါင္းတင္နည္း
သခြားသီးအရည္ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ အာလူးအရည္ စားပြဲတင္ဇြန္း ၁ ဇြန္းတို႔ကို သမေအာင္ ေရာေမႊလိုက္ပါ။ ထို႔ေနာက္ ဝါဂြမ္းစကို ထိုအရည္ထဲ ထည့္ႏွစ္ကာ မ်က္ႏွာအႏွံ႔ သုတ္လိမ္းေပးလိုက္ပါ။
၁၀ မိနစ္၊ ၁၅ မိနစ္ခန႔္ၾကာမွ မ်က္ႏွာသစ္ေပးလိုက္ပါ။ ဒီေပါင္းတင္နည္းကေတာ့ အမဲစက္မ်ားကို ဖယ္ရွားေပးၿပီး အသားအေရ ညီညာေအာင္ ကူညီေပးပါလိမ့္မယ္။