ပထမဆုံး ရင်သွေးလေးကို မွေးဖွားစဉ်တုန်းက ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတစ်ချို့ကို ရင်ဖွင့်ပြောပြလာတဲ့ သူထူးစံရဲ့ဇနီး

တစ်ချိန်ကအောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ နိုင်ငံကျော်မင်းသားတစ်ယောက်ကတော့ သူထူးစံပဲဖြစ်ပါတယ်။ သူကတော့ ယနေ့အချိန်ထိပရိသတ်တွေချစ်နေရသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် ပရိသတ်တွေအမြဲချစ်နေရတာပါ။

သူဟာခုချိန်မှာ ချစ်စရာကောင်းတဲ့သားဦးလေးနဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ သူ့ရဲ့ဇနီးဖြစ်သူကလည်းလူမှုကွန်ရက်ကနေပုံရိပ်လေးတွေတင်ပေးရင်းပရိသတ်တွေနဲ့မပြတ်ရှိနေသူပါ။ အတွေ့အကြုံလေးတွေလည်းအမြဲဝေမျှလေ့ရှိပြီးခုမှာလည်း သားဦးလေးမွေးခါစအတွေ့အကြုံလေးတွေကိုဝေမျှခဲ့တာပါ။

ကလေးမွေးပြီးစ မေမေ တွေ ကိုယ်ဝန်ဆောင်စဉ်ကာလနဲ့ မီးဖွားစဉ်က အတွေ့အကြုံလေးတွေကိုsharing လုပ်တာ မြင်တွေ့ဖူးပါတယ်။ ကျွန်မကတော့ အဲ့ဒီအချိန်ကာလတွေ မဟုတ်ခဲ့တဲ့ဆေးရုံက ဆင်းတဲ့အချိန်လေးကိုပဲပြန်သတိရလို့ ပြုံးမိရင်း အခုလို ရောက်ရာပေါက်ရာလေး ရေးဖြစ်တာပါ။ကျွန်မလေ သားဦးသမီးလေးမွေးဖို့ ဆေးရုံစတက်တဲ့နေ့ကစလို့ မီးဖွားမယ့်နေ့/ အချိန်ထိ စိတ်လှုပ်ရှားပြီး ပျော်ပေမယ့် တုန်တုန်ချိချိ ကြောက်စိတ်ဆိုတာမျိုးနဲနဲလေးမှ မဖြစ်ပါဘူး၊ သမီးလေးမွေးမယ့်မနက်အစောပိုင်းမှာလည်း ဆေးရုံကတာဝန်ရှိသူတွေကဆေးစမ်း၊ အပ်ထိုး၊ ခွဲခန်းဝတ်စုံလဲပေးနဲ့အလုပ်တွေ ရှုပ်နေကြပေမယ့် ကိုယ်ကလိုက်သာလုပ်နေတာ၊အဲ့ချိန်ဘာတွေတွေးနေမိလဲ၊အိမ်သားတွေနဲ့ဘာတွေ ပြောနေခဲ့လဲ ခုထိပြန်တွေးမရဘူး၊ ကုတင်ကြီးပေါ်တက်တက်၊ရွှေ့ရွှေ့တွန်းတွန်းနဲ့မြန်မြန်ဆန်ဆန်ပဲခွဲခန်းကြီးထဲရောက်သွားတာ၊မေမေ့ကိုတောင်ကုတင်ကြီးတွန်းသွားမှ ကုတင်ပေါ်ကပဲ ကန်တော့လိုက်ရတယ်။ပြောကြတာပေါ့နော်ခွဲခန်းဝင်ပြီးထွက်လာရင် ချမ်းလို့ တုန်ချိနေတာပဲဆိုလို့မေမေ့ကိုစောင်အထူကြီးကိုင်ပြီး စောင့်ခိုင်းခဲ့တာသတိရသေးတယ်တကယ်တန်း ခွဲခန်းကထွက်လာပြီး အခန်းထဲပြန်ရောက်၊ ခနကြာတော့ပူလိုက်တာ၊ အိုက်လိုက်တာနဲ့ကိုယ့်ကိုယ်ကိုယ်တောင် အံ့ဩယူရတယ်( မီးနေသည်တဲ့ )အဲ့နောက်ပိုင်း ဆေးရုံမှာပဲ သမီးလေးကို နို့တိုက်တာနဲ့ တခြားပြုစုတာတွေက ငှားထားတဲ့ day, night ဆရာမရှိနေတာမို့စိုးရိမ်မှုက အထွတ်ထိပ်မှာ ရှိမနေခဲ့ပါဘူး။

တကယ်စတာက ဆေးရုံဆင်းမယ့်နေ့ပါ။အိမ်မှာ ပြုစုဖို့လိုက်ပေးမယ့် ဆရာမက ညနေ ၆နာရီမှ လာမယ်တဲ့ဆေးရုံဆင်းတာက နေ့လည် ၂နာရီလောက်ပါ၊ ကြားမှာ အချိန်နာရီပိုင်းလေးပဲ ခြားတာနော်၊ ပြန်ဖို့ ပစ္စည်းတွေ သိမ်းဆည်းနေကြကတည်းက ကိုယ့်မှာ ရင်တွေတုန်၊ ခုန်တာဆိုတာ( ယောကျ်ားကိုတောင်မပြောပြဖြစ်ဘူး)အိမ်မှာဆရာမ မပါဘဲ ကလေးလေးပိုက်ပြီး နာရီပိုင်းခနလေးထိန်းရမှာကို စိတ်ပူတာ၊ ကြောက်တာ အရမ်းပဲ၊ စာမေးပွဲဖြေခါနီးထက်ဆိုးတယ်၊ ဒီစာမေးပွဲက ဘာနဲ့မှ မတူဘူးပေါ့၊အိမ်ပြန်ဖို့ ကားပေါ်ရောက်ကတည်းက ကလေးသာချီထားတာကြောက်တာအရမ်း၊မွေးကာစကလေးလေးကို ကားနဲ့ပတ်ခေါ်ပြီး အိမ်ကိုမြန်မြန်မပြန်ရအောင်

လမ်းကြောင်းတွေဆွဲ၊ ဟိုဝင်ခိုင်း ဒီဝင်ခိုင်း၊ အချိန်တွေဆွဲလုပ်ခဲ့သေးတာ( အကျင့်မကောင်း ) ဆရာမတောင် ဝင်ခေါ်သွားချင်တာအားနာလို့ ၊ မြန်မြန်လာပါစေဆုတောင်းရတာအမော၊ အိမ်ရောက်တော့ ကလေးက အဲ့ ဆိုတာနဲ့ နို့ဖမ်းတိုက်လိုက်တာပဲငိုမှာကြောက်တာလေ ညနေ ၅နာရီခွဲဝန်းကျင်မှာ ဆရာမရောက်လာမှ ဟင်းခနဲ သက်ပြင်းခိုးချလိုက်တယ်။ဆရာမကို နေ့/ ည အချိန်တပတ်ပဲ ခေါ်ဖြစ်တယ်၊ အဲ့ကြားထဲမှာ အနှီးထုပ်နည်း၊ ရေချိုးနည်း၊ဆေးတိုက်နည်းမျိုးစုံသင်ရ /မေးရ နဲ့ ဆရာမပြန်တဲ့ရက်ကျ

နဲနဲငိုချင်သလိုလို အားငယ်မိပေမယ့် ငါဟဲ့မိခင်၊ သမီးလေးကိုနောက်ဆို ငါပဲပြုစုလုပ်ကိုင်ပေးရမှာ ဆိုတဲ့အတွေးနဲ့ ရဲဆေးတင်လေသတည်းပေါ့ ၊ ခုတော့ အဲ့လိုပဲ ရဲဆေးတင်ရင်း တင်ရင်းနဲ့ပဲကလေးလေး နှစ်လထဲ ရောက်လာပြီ၊သမီးလေးနေရာမှာ ကိုယ်သာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့အတွေးလေးထားပြီး ပြုစုပေးနေလိုက်တာသူလေးအဆင်ပြေမယ်ထင်ပါတယ်နော်၊( သမီးလေး ညောင်းနေလောက်ပြီ ၊ နို့ဆာနေမလား၊ ပူအိုက်နေမလား၊ ချမ်းနေမလား၊ နေရတာ အဆင်ပြေမပြေ) ဆိုတာလေးတွေကိုပဲ အရိပ်တကြည့်ကြည့်နဲ့ရှေ့ဆက်ပြုစုပေးနေရတဲ့ နေ့ရက်တွေဟာ အဓိပ္ပါယ်ရှိလို့နေပါတယ်ဆိုပြီးဝေမျှထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.